Unicode
အပိုင်း- ၃၈ တောင်းပန်ပါတယ်..အရှင်"ဝမ်ရိပေါ် အဲ့ဒါက ဘာတွေဖြစ်နေတာလဲ ဟမ်"
ရှောင်းကျန့် အော်လိုက်တဲ့အသံကြောင့် ရိပေါ် ကိုယ်လေးပါတုန်တက်သွာသည်။ အပြင်က ကျိရန်ကော ဟောက်ရွှမ်းကောရှောင်းကျန့် အော်သံကြား၍ ပြေးဝင်လာကြသည်။"အရှင်မင်းကြီး ဘာများဖြစ်တာလဲ"
"ရိပေါ် ငါမေးတာဖြေ လည်ပင်းက ဘာဖြစ်တာလဲ ဘယ်သူလုပ်တာလဲ"
ရိပေါ်မှာ ဘာမှမပြောပဲ ခေါင်းကိုသာ တွင်တွင်ငုံ့ထားသည်။
"ဝမ်ရိပေါ် မေးနေတယ်လေ"
ရှောင်းကျန့်ဒေါသထွက်နေတာမြင်တော့
ဟောက်ရွှမ်းကပဲဝင်ကာ
"အရှင်မင်းကြီး မနေ့ညက
လူ..လူသတ်သမား ရောက်လာလို့ပါ"
"မင်းတို့နှစ်ယောက် အပြင်ထွက်တော့ ဝမ်ရိပေါ်နဲ့ပဲပြောမယ်"ကျိရန်နဲ့ဟောက်ရွှမ်းထွက်သွားတော့ ရိပေါ် ရှောင်းကျန့်ကို ဖြေးညှင်းစွာမော့ကြည့်လိုက်သည်။
"ကိုကို"
"ဝမ်ရိပေါ် ဘာလို့မပြောတာလဲ ဒီလောက်ထိ ဖြစ်နေတာ ကိုကိုက ဘာတစ်ခုမှမသိရပဲ တစ်ခုခုဖြစ်ကုန်ရင်..."
"ကျွန်တော် တောင်းပန်ပါတယ် ကိုကိုစိတ်ပူမှာစိုးလို့ပါ"
"ပြီးရင် နန်းတွင်းတစ်ခါတည်း လိုက်ခဲ့တော့"
"ဒီမှာပဲနေ"
"ဝမ်...ရိပေါ်"
"လိုက်..လိုက်မယ်ကိုကို"ရှောင်းကျန့် အပြင်က ကိုယ်ရံတော်ကျိရန်ကိုခေါ်လိုက်ပြီး နန်းတွင်းထဲက လူယုံရဲမက်များကို ထပ်သွားခေါ်စေသည်။ လမ်းမှာ ဘာဖြစ်မလဲ မသိနိုင်၍ ရှောင်းကျန့်ဘက်က လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။ ရိပေါ်နှင့် ကျန်တဲ့သူများက ဘုရင်အမိန့်ဆိုတာကြောင့် ဘာတစ်ခုမှ ဝင်မပြောရဲချေ။
"နန်းတွင်းက ရဲမက်တွေမလာသေးခင် ခေါက်ဆွဲပြုတ်ပျော့ပျော့လေးပဲ
အရင်စားထားလိုက် ရိပေါ်"
"ကျွန်တော်...ဝ"
ရှောင်းကျန့် ရိပေါ်ကို ဆတ်ခနဲကြည့်လိုက်တာကြောင့် ရိပေါ်လန့်ဖြန့်ပြီး တူကောက်ကိုင်လိုက်သည်။ ရှောင်းကျန့် ရင်ထဲပူလောင်နေတာ အရှေ့က အနှီကောင်လေးကတော့ ဘာမှသိလိမ့်မည်မဟုတ်ပဲ တစ်ခုခုဆို သူ့ကို အမြဲဖုံးကွယ်ထားတာကို ရှောင်းကျန့် ဒေါသတလိပ်လိပ်ထွက်ရသည်။ နှစ်ယောက်သား ဒီအခြေအနေထိရောက်နေတာကို ရိပေါ်ဘက်က ဘာဖြစ်ဖြစ် တစ်ယောက်တည်းဖြေရှင်းချင်တာကို ပိုပြီး ဂရုဏာဒါသထွက်ရသည်။
YOU ARE READING
The Secret Thief & His Precious King [Completed]
Romanceမင်းက တိမ်တွေလိုပဲ ဝမ်ရိပေါ် လေအလျင်နဲ့ အမြဲ ပျောက်ကွယ်သွားတယ်... Xiao Zhan အဲ့ဒီတိမ်ဆိုတဲ့ ကျွန်တော့ကို ခင်ဗျားဖမ်းဆုပ်မထားချင်ဘူးလား... Wang Yi Bo Yizhan Zhanyi နှစ်ခုလုံးပါသော Seke Type Fiction အမျိုးအစားပါ