Part-14 Finding Some Secret Pieces

1.8K 186 9
                                    

Unicode
အပိုင်း -၁၄ လျို့ဝှက်ချက်များ ရှာဖွေခြင်း

ရှောင်းကျန့် အခုဆို လေ့ကျင့်တာ အချိန်ကြာလာသည်နှင့်အမျှ မျှားလဲ ကောင်းကောင်းပစ်တတ်နေပြီ။
တိုက်ခိုက်ရေးမှာလဲ အနည်းငယ် ခုခံတတ်နေပြီ။ သက်လုံကောင်းအောင် ဝမ်ရိပေါ်က ကွင်းပတ်ပြီး အပြေးလေ့ကျင့်စေတာ အခုဆို တစ်နေ့ကွင်းခြောက်ပတ်အထိပင်ရောက်နေပြီ။
ဒါပေမဲ့ ဒီရက်ပိုင်း ရှောင်းကျန့် ကွင်းသုံးပတ်ထိပြေးလျှင်ပင် အတော်မောနေလေပြီ။
လူက တဖြည်းဖြည်း အားနည်းလာသလိုထင်ရပြီး ညနေကျရင်တော့ သမားတော်နှင့် သေချာပြရမည်ဟု ရှောင်းကျန့် တွေးလိုက်သည်။

ရှောင်းကျန့်ပြေးရင်း မောလာလို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့ ရိပေါ်ဘေးရောက်လာပြီး..

"ကိုကို အဆင်ပြေရဲ့လား"
"အင်း ရိပေါ် ကိုကိုဆက်မပြေးတော့ဘူး"
"ကိုကို သုံးပတ်တောင်မပြည့်သေးဘူးလေ"
"အရမ်းမောနေပြီ ရိပေါ်"
"ကိုကို ဒီရက်ပိုင်း အားနည်းနေတာလား..
ကိုကို့ကြည့်ရတာ အမြဲပင်ပန်းနေသလိုပဲ"
"ဟုတ်တယ် ရိပေါ် ကိုကိုလဲ သေချာမသိဘူး ပုံမှန်အချိန်တော့ နေလို့ကောင်းတယ်.
တစ်ခုခုအားစိုက် လှုပ်ရှားရင် အရမ်းမောတယ်"
"သမားတော်နဲ့ပြကြည့်ပါကိုကို ပြီးတော့ အလုပ်လဲ လျော့ပါဦး"
"အင်း ညနေ သမားတော်ခေါ်လိုက်မယ်"
"ဒါဆို ဒီနေ့ နားလိုက်တော့ ကိုကို...
ကျွန်တော် ဟောက်ရွှမ်း တို့နဲ့ တွေ့ဖို့ပြောထားတယ်"
"အင်း..ရိပေါ် ကိုကိုနားတော့မယ်"
"ကျွန်တော် ညကျအခြေအနေလာမေးမယ်နော်"
"အင်း..ရိပေါ်"

ဝမ်ရိပေါ် လေ့ကျင့်ရေးကွင်းကနေ ဟောက်ရွှမ်းတို့နှင့် တွေ့ဖို့ သွားနေစဉ် စိတ်ထဲလေးနေသည်။ ကိုကို့ကြည့်ရသည်မှာ ဒီရက်ပိုင်းအနည်းငယ် ပြေးရသေးသည် အလွန်မောဟိုက်နေလေပြီ။ စစလေ့ကျင့်ခါစက ကိုယ့်ထက်တောင် အားသန်ပြီး တစ်ခါတစ်ရံ လျော့ဖို့ပြောနေရသည်။ ရှောင်းကျန့် တစ်ခုခုသာဆို ဝမ်ရိပေါ် ရင်ကွဲရုံသာရှိသည်။ ရှောင်းကျန့်က တစ်ခုခုဖြစ်လျှင်လဲ သမားတော်နှင့် ချက်ချင်းမပြပဲ အလုပ်ဇောသာ ကပ်နေသည်က များသည်။ ဘေးကနေ ဂရုတစိုက်ပြောပေးမယ့်သူကလဲမရှိ ဝမ်ရိပေါ် တွေးရင်း စိတ်တွေသာ ပိုပိုလေးလာသည်။

The Secret Thief & His Precious King [Completed]Where stories live. Discover now