Unicode
အပိုင်း -၁၃ သဝန်တိုခြင်းရှောင်းကျန့် ဒီမနက် စိတ်လုံးဝမကြည်ပါ။
ညီလာခံက ပြန်လာပြီး အမတော် အဆောင်ဝင်ခဲ့ရာက စိတ်မကြည်စရာများကြုံလာရသည်။
တကယ်တော့ အမတော်က အမတ်ကြီးသားနှင့် ချစ်ကြိုက်ပြီး ခိုးပြေးတာမဟုတ်ပဲ နှစ်ယောက်လုံး မချစ်မနှစ်သက်ပဲ မတော်တဆ မှားကြရင်း
ကိုယ်ဝန်ရှိလာ၍ မယ်တော် မသိခင် အရှက်မကွဲခင် ခိုးပြေးကြခြင်းဖြစ်သည်။ မချစ်ပဲဘယ်လိုမှားကြလဲဆိုတာတော့ ကာယကံရှင်ကမပြောရွေ့ ရှောင်းကျန်လဲ မသိခဲ့ရပေ။ယောက်ဖတော်က တာဝန်ယူ၍ နှာခေါင်းသွေးအပျက်ပျက် မဖြစ်ခဲ့တာကိုပင် ရှောင်းကျန့် ကျေးဇူးတင်မိသည်။
အခုတော့ အမတော် ကိုယ်ဝန်က
ငါးလထဲပင် ဝင်နေချေပြီ။ရှောင်းကျန့် အမတော်ကို စစဖြစ်ချင်း မပြောရကောင်းလား..
မတိုင်ပင်ရကောင်းလား..
ပြောဆိုဆူပူတော့လဲ အမတော်က မထုံတက်တေးပုံစံနှင့် ရှောင်းကျန့် အားမရပေ။
"အခုလဲ အဆင်ပြေတာပဲ ငါက အစတည်းက ကလေးချစ်တတ်တယ်"ဆိုတော့ရှောင်းကျန့်ပို၍ပင် စိတ်ထဲ အခဲမကျေဖြစ်ရသည်။
ချစ်တဲ့သူမတွေ့သေးပဲ အချစ်ဆိုတာကို မခံစားဖူးပဲ အိမ်ထောင်ကျရပြီး မချစ်တဲ့သူနဲ့ ဖူးစာဆုံခဲ့သော အမတော်အတွက် ရှောင်းကျန့်ကြားထဲက ယူကျုံးမရဖြစ်ရသည်။အမတော်အဆောင်ကအပြန် စိတ်မကြည်လင်ရတဲ့အထဲ နန်းဆောင်ပြန်လာတဲ့ လမ်းမှာ ဝမ်ရိပေါ်ဆိုတဲ့ အဆိုးကောင်လေးက သူ့သူငယ်ချင်းရယ် ကိုယ့်ကိုယ်ရံတော်ရယ် သုံးယောက်းသား ဖက်လှဲတကင်း လုပ်နေကာ ပါးစပ်ကြီးဖြဲပြီး ပျော်ရွှင်မြူးတူးနေတော့ ဒေါသက ငယ်ထိပ်ရောက်ရပြီ။ ဖြစ်နိုင်ရင် ဝမ်ရိပေါ် အနားမှာ ဘယ်သူ့ကိုမှ မရှိစေချင်။ အခုတော့ အနားမှာ ရှိတဲ့သူတွေကော ဝမ်ရိပေါ်ကိုကော ရှောင်းကျန့် ထုထောင်းချင်နေလေပြီ။
"ဝမ်ရိပေါ် ရပ်လိုက်"
ဝမ်ရိပေါ် ပြန်လှည့်ပြီး မင်းကြီးကို အရိုအသေပေးလိုက်တော့ ရှောင်းကျန့်
မျက်နှာကို တင်းထားကာ
" နောက်တစ်နာရီနေရင် လေ့ကျင့််ရေးကွင်းထဲလာခဲ့ ကိုယ်တော် ကိုယ်ခံပညာစသင်ကြားမယ်"
"အမိန့်အတိုင်းပါ အရှင်မင်းကြီး"

VOCÊ ESTÁ LENDO
The Secret Thief & His Precious King [Completed]
Romanceမင်းက တိမ်တွေလိုပဲ ဝမ်ရိပေါ် လေအလျင်နဲ့ အမြဲ ပျောက်ကွယ်သွားတယ်... Xiao Zhan အဲ့ဒီတိမ်ဆိုတဲ့ ကျွန်တော့ကို ခင်ဗျားဖမ်းဆုပ်မထားချင်ဘူးလား... Wang Yi Bo Yizhan Zhanyi နှစ်ခုလုံးပါသော Seke Type Fiction အမျိုးအစားပါ