Part-20 I'm always with you

1.5K 149 9
                                    

Unicode
အပိုင်း-၂၀ အရှင်နဲ့ အမြဲတူတူရှိနေပေးမှာပါ

"ကျေးဇူးပြုပြီး ဒီည ကိုကိုနဲ့ တူတူရှိနေပေးပါလား ရိပေါ်"

ရိပေါ် နာနာကျင်ကျင်ပဲ ပြုံးလိုက်မိသည်။
ဒီည တစ်ညပြီးရင် အတိတ်ကအရာအားလုံး ကိုကို့အတွေးထဲက တိမ်ဆိုင်လို လွင့်မျောပျောက်ကွယ်သွားပြီး ရိပေါ်ဆိုတဲ့ ဖြစ်တည်မှုကကော ဘယ်အချိန်ထိ တည်ရှိနိုင်မည်နည်း။

"ဒီတစ်ညတည်းအတွက်နဲ့တော့ ကျွန်တော့်ကို မျှော်လင့်ချက်တွေနဲ့ မချည်နှောင်ပါနဲ့တော့ ကိုကို"

ဝမ်ရိပေါ် ရုန်းလိုက်သော်လည်း ရှောင်းကျန့် တင်းကျန့်စွာ ဆက်ဖက်ထားလိုက်ပြီး..

"ကိုကို့အတွက် ဒီညတင်မဟုတ်ပဲ တစ်သက်လုံးအတွက်လိုအပ်တယ် ရိပေါ်"

ရိပေါ် ကိုကို့စကားကြောင့် ရှောင်းကျန့်ဘက်လှည့်ပြီး တင်းကျပ်စွာဖက်လိုက်သည်။

"ဒီကြင်ယာတော်မိဖုရား ရွေးတာ ကိုကို့ ဆန္ဒလုံးဝမပါတာ သေချာသိရဲ့သားနဲ့ ကိုကို့အနားကနေ ဘာလို့ ထွက်ပြေးဖို့ ကြိုးစားနေတာလဲ ရိပေါ်.
ကိုကိုတစ်ယောက်တည်း ရိပေါ်ကို တစ်သက်လုံး စောင့်နေစေချင်တာလား"
"မဟုတ်ဘူး..ကိုကို ကျွန်တော် လူပိုတစ်ယောက်မဖြစ်ချင်ဘူး"
"ကိုကို့အတွက် ရိပေါ်က လူပိုလို့ ဘယ်လိုများပြောရက်နိုင်တာလဲ"
"ကျွန်တော် ရှေ့ဆက်သင့်လား မသိဘူးကိုကို...
ဒါပေမဲ့ ကျွန်တော် တကယ် ထွက်ပြေးလို့မရလို့ပါ"
"ဘယ်သူက ထွက်ပြေးခိုင်းလို့လဲ..
ကိုကို့ကိုကြည့် ရိပေါ်"

ရှောင်းကျန့် ရိပေါ် မျက်နှာလေးအား တယုတယကိုင်လိုက်ပြီး..
"ရိပေါ်ဆိုတာ ကိုကို့ဘဝအတွက် အရေးအကြီးဆုံး ဖြစ်တည်မှုပဲ..ရိပေါ်ဆိုတာ မရှိရင် ကိုကိုအတွက် အသက်ရှုနေရတာ ဘာအဓိပ္ပါယ်မှမရှိဘူး"
"ကိုကို ရိပေါ်ကို လိုအပ်တယ်..ရိပေါ် ကူညီပေးနေတာတွေကြောင့် မဟုတ်ပဲ
ဒီတိုင်းလေးပဲ ရိပေါ်ကို လိုအပ်တာ"
"ရိပေါ် ထွက်ပြေးရင်
ကိုကို့အနားမနေတော့ရင် ကိုကို့ကို ဘယ်သူက ဂရုစိုက်မှာလဲ..ဘယ်သူကကူညီမှာလဲ..
ကိုကို တစ်ယောက်တည်းမလုပ်ဆောင်နိုင်တဲ့ ကိစ္စတွေရှိတယ် ရိပေါ်"
"ကြင်ယာတော် မိဖုရားဆိုတာ ရှေးရိုးတွေ ထုံးစံတွေကြောင့် သတ်မှတ်လိုက်တဲ့ အရာတစ်ခုပဲ..ကိုကို့ အတွက် ဘမှမထူးခြားဘူး
ဘာမှ ပြောင်းလဲမသွားဘူး"
"ကိုကို့ အတွက် အရေးပါတဲ့ ဖြစ်တည်မှုက ဘဝမှာ ရိပေါ်တစ်ယောက်တည်းရှိတယ်"
"အဲ့ဒါတောင် ရိပေါ် ကိုကို့အနားကနေ ထွက်သွားချင်သေးလား"

The Secret Thief & His Precious King [Completed]Tempat cerita menjadi hidup. Temukan sekarang