Unicode
အပိုင်း - ၉ အရှင်က ခံစားချက်အစုံပေးနိုင်တယ်ဝမ်ရိပေါ်နှင့် ရှောင်းကျန့် ခရီးမထွက်ခင် ညမှာ ဘုရင့်နန်းဆောင်ထဲ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောပဲ တိတ်ဆိတ်နေကြသည်။ ဝမ်ရိပေါ်က ပြတင်းပေါက်ကနေ ကောင်းကင်ကြီးကို မော့ကြည့်နေသလို ရှောင်းကျန့်က ဝမ်ရိပေါ်ကို ငေးနေသည်။
ရှောင်းကျန့်မှပဲ စကားစလိုက်ကာ.
"ဝမ်ရိပေါ် ပြိုင်ပွဲနေ့က.."
"ကျွန်တော့်ကို မယုံကြည်တာလား"
"မဟုတ်ဘူး ငါမင်းကို မယုံတာမဟုတ်ဘူး.ကံကြမ္မာကို မယုံတာ"
"ကံကြမ္မာဆိုတာ လူက ဖန်တီးတာပါ.အရှင်မင်းကြီး"
"ငါမရှင်းပြတတ်ဘူး ဝမ်ရိပေါ် ဒါပေမဲ့ မင်းကို ငါ့အနားမှာပဲထားချင်တဲ့ ငါ့အတ္တကိုတော့ နားလည်ပေးပါ."
"နောင်အခါတွေမှာတော့ ဘယ်လိုအခြေအနေရောက်ရောက်
ကျွန်တော့်ကို ယုံကြည်ပေးပါ"
"အင်း.နောက်တစ်ခါ ယုံကြည်ပေးပါမယ်..ငါကတိပေးပါတယ်"ဝမ်ရိပေါ် ရှောင်းကျန့်အနားသွားပြီး နှုတ်ခမ်းအောက်ကမှဲ့လေးကို
လက်ညိုးနှင့် အသာတို့လိုက်သည်။
"ကျွန်တော့်ကို ကိုကိုလို့ ခေါ်ခွင့်ပြုပါလား"
"အင်း ရိပေါ် သဘော"ဝမ်ရိပေါ် ရှောင်းကျန့် နဖူးလေးအား မြတ်နိုးစွာနမ်းလိုက်သည်။
ထိုမှတစ်ဆင့် မျက်ခွံမို့မို့တွေရယ် နှာခေါင်းလုံးလေးရယ် ပါးနှစ်ဖက် နှုတ်ခမ်းအောက်က မှဲ့လေးထိ ဖြေးဖြေးချင်း မျက်နှာအနှံ့ နမ်းရှိုက်နေလေသည်။ရှောင်းကျန့် ဝမ်ရိပေါ်မျက်နှာကို ပါးနှစ်ဖက်မှအုပ်ကိုင်ပြီး နှုတ်ခမ်းတို့ကို တရှိုက်မက်မက် စနမ်းလိုက်သည်။
ဝမ်ရိပေါ် ရှောင်းကျန့်ရဲ့ တိုးဝင်လာတဲ့ လျှာဖျားလေးကို အသာ ရစ်ပတ်ပြီး စုပ်ယူလိုက်သည်။ နှစ်ဦးသားတဖြည်းဖြည်း အနမ်းတို့ ပြင်းပြလာပြီး လွတ်ထွက်သွားမည်စိုး၍ တစ်ယောက်ကို တစ်ယောက် တင်းကျပ်စွာဖက်ထားမိသည်။နှစ်ယောက်လုံး အသက်ရှုကျပ်လာမှ ခြာကာ နှဖူးချင်းထိထားလိုက်သည်
"ကိုကို ဒီညလေ"
"အင်း"
"ကျွန်တော် ဒီည ဘာအပြစ်လုပ်မိလဲမသိဘူး"
"ကိုကိုက အပြစ်လုပ်စေချင်တယ်ဆိုရင်ကော"
"ဟာ.ကိုကိုရာ ကျွန်တော် စိတ်မထိန်းနိုင်ပဲနေလိမ့်မယ်"
"ဒီည ရိပေါ်ကို တားမယ့်သူရှိလို့လား"
"ကိုကို့ အရာအားလုံး ကျွန်တော့်ကို ပေးပါ"
"ဒီည ကိုကို့ဖြစ်တည်မှု အသွေးအသား အားလုံး ရိပေါ် စိတ်ကြိုက်ပါပဲ"

ESTÁS LEYENDO
The Secret Thief & His Precious King [Completed]
Romanceမင်းက တိမ်တွေလိုပဲ ဝမ်ရိပေါ် လေအလျင်နဲ့ အမြဲ ပျောက်ကွယ်သွားတယ်... Xiao Zhan အဲ့ဒီတိမ်ဆိုတဲ့ ကျွန်တော့ကို ခင်ဗျားဖမ်းဆုပ်မထားချင်ဘူးလား... Wang Yi Bo Yizhan Zhanyi နှစ်ခုလုံးပါသော Seke Type Fiction အမျိုးအစားပါ