Part-40 Can I Save You

1.1K 139 13
                                    

Unicode
အပိုင်း - ၄၀ အသက်ရှင်ပေးပါ.အရှင်

ရိပေါ် သွေးပျက်စွာအော်ဟစ်ပြီး ရှောင်းကျန့်ကို ပြေးပွေ့နေတုန်းမှာပဲ နောက်ထပ်သေနတ်သံတစ်ချက်က လျှပ်တပြက်အတွင်းထွက်ပေါ်လာပြန်သည်။
"ဒိုင်း.."
ရိပေါ်ကတော့ ရှောင်းကျန့်ကိုပွေ့ထားရင်း စိတ်လျော့ကာ မျက်စိမှိတ်ချလိုက်ပေမဲ့ လဲကျသွားသူက အမတ်ကြီးဖြစ်နေသည်။ နန်းဆောင်အပြင်ဘက်တွင်လဲ ဟောက်ရွှမ်းကလူအင်အားအများစု ထပ်ခေါ်လာ၍ အနည်းငယ်သာကျန်ရှိသော ရန်သူတွေကို အမြစ်ဖြတ်တိုက်ခိုက်နေကြသည်။

"ဝမ်...ဝမ်ရိပေါ် မင်းဘယ်တော့မှ ငါ့လက်ကလွတ်မယ်မထင်နဲ့..."
ဘေးနားက ရှန့်ကုန်းကုန်းက သေနတ်ကို တုန်ရီစွာ ကိုင်ထားပြီးအမတ်ကြီးက ရှိသမျှ အားနှင့်အော်ဟစ်နေသည်။
"မင်း အမေကြောင့် ငါအရှက်...ကွဲ"
နောက်ဆုံး အသက်မရှိတော့ပဲ စကားရပ်သွားတဲ့ အမတ်ကြီးကို ရိပေါ်တွေဝေစွာ ကြည့်နေမိရာက ရှောင်းကျန့်ဘက်ကို အာရုံစိုက်လိုက်သည်။

"ကိုကို ကျွန်တော်ရှိတယ် ခဏလောက် သတိထားပါဦး"
"အင်း.."
"ကျည်ဆန်က ပုခုံးနားကို ထိသွားတာမို့ ဘာမှမဖြစ်လောက်ဘူး ခဏ...ခဏ သည်းခံပါ ကိုကို"

ရှန့်ကုန်းကုန်းက အသိပြန်ဝင်လာကာ သမားတော်ဆောင်ကိုပြေးလေသည်။

"ဘာလို့ ဘာလို့ ကျွန်တော့်လိုလူကို.."
"ရိ..ရိပေါ် အမတ်ကြီးပြောတာ"
ရှောင်းကျန့် နာကျင်မှုကို သည်းခံကာ ရိပေါ်ကို စကားပြောရန်ကြိုစားနေသောကြောင့်...
"ဘာမှမဖြစ်ဘူး ကျွန်တော် ဘယ်သူပဲ ဖြစ်ဖြစ်.."
"စကားမပြောပါနဲ့ ကိုကို"
"ကိုကိုသာ တစ်ခုခုဖြစ်သွားရင်..ကျွန်တော်.."
ရှောင်းကျန့် မျက်ရည်တွေစီးကျလာသော ရိပေါ်ပါးကို ငြင်သာစွာ သုတ်ပေးရင်း..
"ကိုကို အဆင်ပြေတယ် ကလေးလေး"

ရှန့်ကုန်းကုန်း နှင့် သမားတော်များပြေးဝင်လာ၍ ရိပေါ် ရှောင်းကျန့်ကို အိပ်ရာပေါ် အသာအယာ တင်ပေးလိုက်သည်။
သမားတော်များက ရှောင်းကျန့် ဒဏ်ရာကိုကြည့်ရှုပြီး ဖြေးညှင်းစွာ ခေါင်းခါလိုက်ကာ...
"ကျည်ဆန်ကို ထုတ်ရမှာပါ အရှင်မင်းကြီး"
"ထုတ်လေ ဘာလုပ်နေတာလဲ"
ရိပေါ် အလောတကြီး ပြောလိုက်သော်လည်း
သမားတော်များက...
"ကျွန်တော်မျိုးတို့ တစ်ခါမှမထုတ်ဖူးပါဘူး အမှားအယွင်းဖြစ်သွားရင်.."
"ဒါ..ဒါဆို ကျည်ဆံထုတ်ပေးနိုင်မယ့်သူ မရှိဘူးလား"
သမားတော်များက ခေါင်းကိုသာ တွင်တွင်ငုံ့ထားကြသည်။ ရှန့်ကုန်းကုန်းကတော့ မင်းကြီးဟု တွင်တွင်ခေါ်ကာ ယူကျုံးမရဖြစ်နေသည်။ ရိပေါ် ရှောင်းကျန့်ကို ကြည့်လိုက်တော့ မျက်နှာတွင် သွေးရောင်ပင်မရှိတော့ပဲ ဖျော့တော့နေသည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်သည်။

The Secret Thief & His Precious King [Completed]Donde viven las historias. Descúbrelo ahora