Part 1

57K 2.1K 27
                                    

(Zawgyi)

"ဖေဖေ့ ကျွန်တော် အဆင်ပြေတယ်
မလား တအားကြီး ကြည့်ရဆိုးမနေပါ
ဘူးနော် ဟီးဟီး''

မှန်ကို ကြည့်နေရင်းမှ ဖခင်ဖြစ်သူ
ဖက်လှည့်ကာ ပြောလာသော သား
ဖြစ်သူကို ဦးမြတ်နိုင်က ခေါင်းလေး
ဖွဖွ ပွတ်ပေးလိုက်ရင်း

"ဖေ့သားငယ်လေးက လူချောလေး
ပဲဟာ ဘယ်လိုနေနေ ချောပြီးသား
ခန့်ညားပြီးသားပဲ ဟုတ်ပြီလား''

ဖေဖေ့စကားကြောင့် ပိုင်စေယံကို
ဟီးခနဲ တစ်ချက်ရယ်လိုက်တော့
ပါးချိုင့်နက်ကလေးနှင့်အတူ စီတန်း
ပေါက်နေသော သွားညီညီလေးတွေ
ပါ ပေါ်လာသည်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိန်းမကောင်း
လေးတစ်ယောက်နဲ့ လက်ထပ်ရင်း
ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းမယ်
လို့ ပြောခဲ့ဖူးတဲ့ သားဖြစ်သူက
အခုတော့ သူနဲ့မျိုးတူ ယောက်ျား
တစ်ယောက်နဲ့ လက်ထပ်ရတော့
မည်ဖြစ်သည်။
သားဘက်ကသာ ငြင်းပယ်မယ်
ဆို ထိုမိသားစုနဲ့ မျက်နှာပျက်
ရလည်း အရေးမကြီးပါ။ သား
ပျော်ဖို့ကသာ အဓိကဖြစ်သည်မို့။

"သားငယ် သေချာရဲ့လား ဖေဖေသား
ကို စိတ်မချနိုင်ဘူးကွယ် သားဘက်က
စိတ်မပါရင်..''

ဖေဖေ့စကားကို ပိုင်စေယံနားလည်
ပါသည်။ သားဖြစ်သူကို ​ယောက်ျား
ပေးစားရမှာဆိုတော့ ဖေဖေလည်း
နှမျောတာက ဖြစ်သင့်ပါတယ်။ ထို့ပြင်
သူနဲ့လက်ထပ်ရမယ့်သူက တစ်ချိန်က
မရီးလောင်းဖြစ်သူ၏အစ်ကို။
မရီးဖြစ်သူ မမဂုဏ်ရည်သေဆုံးခဲ့ရတာက
ကိုကြီးရဲ့ ပယောဂမကင်းခဲ့တာဖြစ်လို့
သူ့ကို ကိုကိုတို့မိသားစုက အနိုင်ကျင့်
လိမ့်မယ်လို့ ဖေဖေ့စိတ်ထဲတွေးနေပုံရသည်။
သူကတော့ ထိုသို့မထင်ပါ။
ယောက္ခမတော်ရမယ့်သူတွေက
ငယ်ငယ်တည်းက သူ့အပေါ်ဆို
သည်းသည်းလှုပ်လွန်းတော့ ပို၍
ပင် အချစ်ခံရမယ်လို့ တွေးပြီးသား။

"ကတိပေးထားပြီးပြီပဲ ဖေဖေရယ်
သားနောင်တမရအောင် နေပါ့မယ်
ဖေဖေတို့ စိတ်ချနိုင်အောင်လည်း
ကြိုးစားပါ့မယ် ပြီးတော့ မေနွယ်တို့
ကလည်း သားကို ချစ်ပြီးသားပဲဟာ ''

"သား ကိုကိုကရော''

ဒီစကားကိုတော့ သူ့မှာ ဖြေစရာ
အဖြေမရှိ။သက်လတ်ပိုင်းအရွယ်
ကိုကို့မှာ ရည်ရွယ်ထားတဲ့သူမရှိရင်
တောင် သဘောကျမိတဲ့သူတွေတော့
ရှိလောက်မှာပါ။ မျက်နှာလေးငိုင်ကျ
သွားတော့ ဦးမြတ်နိုင်ကပင်
စကားဆက်လိုက်ရင်း

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now