မိုးစက်တွေကြားထဲ အပြေးအလွှားလမ်းသွားကူးပြီး။ ပိုက်ဆံ အလှူခံနေတဲ့ အဖွားကို ထီးလေး ပြေးလို့မိုးပေးတဲ့ချာတိတ်လေး...။သူ့ထီးလေးကို အဖွားဆီပေးခဲ့ပြီး မိုးရေတွေထဲကိုပဲ ကျေနပ်စွာပြန်ပြေးထွက်လာလေတယ်။
ရေလုံးကြီးကြီးနဲ့ကျလာတဲ့ မိုးပေါက်တွေကြောင့် ၀တ်ထားတဲ့ အောက်ခံတီ ရှပ် အင်္ကျီလေးက ဗိုက်နဲ့ ရင်ဘက် တစ်ပြင်လုံးမှာချပ်ကပ်လို့ ။ အပေါ်ထပ်
ရှပ်အင်္ကျီနဲ့ ၊ နှစ်လွှာစီးထားတဲ့ ဂုတ်ထောက် ဆံပင်လေးမှာလည်း မိုးရေစိုစွတ်မှု့ကြောင့် လေမှာပျံမ၀ဲနိုင်တော့ ။ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းလေးကိုတော့ စိတ်ပူတယ်ထင်တယ်။ ခဏထုတ်ကြည့်လိုက်ပြီး တက္ကစီကားတွေကို တစ်စီးပြီးတစ်စီးတားနေသည်။ ဘယ်ကားမှမရပ်ပေးသေး။**************
" ဟေ့ ဆောင်းစက် ငေးလှချည်လား မောင်းတော့ဟ pointစိမ်းနေပြီ နောက်ကကားတွေ ဆဲတော့မှာပဲ "
မင်းလွင်စကားကြောင့် ကားမောင်းဖို့ သတိပြန်၀င်လာပြီး ၊ ကားကိုဘယ်ဘက်ကြောသို့ ကွေ့လိုက်တယ်။ ညာဘက်ယာဥ်လမ်းကြောဆီက မိုးစိုနေတဲ့ငှက်ကလေး ရော ကားရပါစ...။
*************
နေအပူကြီးက ရွာချလိုက်တဲ့မိုးကြောင့် လူတွေ ဟိုးပြေးဒီပြေးနှင့်။ မိုးခိုသူကခို ။ထီးဖွင့်သူကဖွင့် ။ကားပေါ်တက်ပြေးသူကပြေး ။
ကိုယ်ကတော့ နေပူပူမိုးရွာရွာထီးဆောင်တတ်သူမို့ လက်ထဲကဂေါ်ထီးကို အေးအေးလူလူ ဖွင့်ဆောင်းလိုက်ဖို့သာပြင်မိသည်။ သို့ပေမယ့် ကားလမ်းတစ်ဖက်ကမ်းက အဖွားတစ်ယောက်ကတော့ ထီးပါမယ်ရယ်မထင် လက်ထဲက ပိုက်ဆံခွက်လေးကိုသာ ခန္ဓါကိုယ်နဲ့မိုးကာထားတာမို့ မနေနိုင်စွာ ကိုယ့်ထီးလေး အပြေး ပေးမိသည်။
ခဏကြာကာမှသတိရတော့၊ ဟာ ဖုန်းနဲ့ ပိုက်ဆံတွေတော့ မိုးစိုပြီ။ ဖုန်းကို ထုတ် power အမြန်ပိတ်ပြီး။ ကားငှားဖို့တားလိုက်တယ် ကားတွေက တစ်စီးမှမရပ်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...