P-51

1.7K 248 21
                                    

"​အငယ်..."

"မမ"

ငှက်ရုပ်​လေးကိုင်ထားတဲ့ က​လေး​ငယ်လေးက အိပ်​နေ​လေပြီ၊  က​လေးတစ်​ယောက် ​​မှာ​​တော့ သူ့အစ်မကို​ တွေ့လို့ ၀မ်းသားအားရဖြစ်သွားရှာသည်။

" အငယ်က ဒီကို ဘာလို့​ရောက်​နေတာလဲ ဘာဖြစ်သွား​သေးလဲ "

" ဘားမှမဖြစ်ဘူး မမ သားတို့ အရင် ထွက်​ပြေးရ​အောင် "  

က​လေးက သူ့အစ်မကိုလက်ဆွဲလို့ က​လေးငယ်​လေးကို နှိုးဖို့ပြင်သည်။

"ဘယ်ကို​ပြေးမှာလဲ" လူကြီးကသူတို့အ​နောက်ကို ​ရောက်လာခဲ့သည်။

"​အေး ပြန်​တွေ့ရပြီ​ပေါ့ ဒါ​ကြောင့် ဒီ​ကောင်မ​လေးကို ငါ​တွေ့ဖူးသလိုပါဆို တကယ်​တော့ ​ကောင်က​လေးဖြစ်​နေတာကိုး  ချစ်စရာ​လေး"

နှင်းစက်မာန် အသံကြားရာ အ​နောက်ကိုလှည့်ကြည့်​တော့

" ရှင် ရှင်​ဖေ့​ဖေ့ကိုသတ်တဲ့လူ...ရှင်ဘာလို့ အငယ့်ကိုဖမ်းတာလဲ" 

နှင်းစက်မာန် သူ့​မောင်​လေးကို လှမ်းဆွဲဖက်လို့ အ​နောက်ကို ​ဖြေး​ဖြေး​​နှေးနှေး​လေး ဆုတ်သွားသည်။

" ဟား ဟား ငါအစက ဖမ်းတာက မင်း​မောင်မဟုတ်ဘူး ဟိုက​လေး ၊  ဒါ​ပေမယ့် ဟိုက​လေးကို ဖမ်းရတဲ့ရည်ရွယ်ချက်က​တော့ နင်တို့​မောင်နှမနှစ်​ယောက် ​ကြောင့် "

"ဘာ​ကြောင့်ဖမ်းဖမ်း ရှင့်ကို ​တော့ ရဲဖမ်း​တော့မှာ..."

အမျိုးသမီးကြီးတစ်​ယောက်ရဲ့ တပ်ကူ​ပြောစကား​ကြောင့် က​လေးနှစ်​ယောက် အားတတ်သွားရသည်။

"သား...သား​လေး"  အမျိုးသမီးမှာ အိပ်​ပျော်​နေတဲ့က​လေး​လေးကို ​ကောက်​ပွေ့လိုက်သည်။

အမျိုးသမီးရဲ့စကား​ကြောင့် လူကြီးမှာ အနည်းငယ်ပြာယာခက်သွားသည်။

"မင်းက ဒီက​လေးအ​မေလား"

"ဟုတ်တယ်"

"ဒါဆို ဦးမြတ်စံ မိန်းမ​ပေါ့"

အမျိုးသမီးမှာ သူ့အ​မေးကိုပြန်မ​ဖြေဘဲ  ​ပွေ့ထား​သောက​လေးက တစ်ဖက် ​ဘေးမှာရှိတဲ့ က​လေးနှစ်​ယောက်ကို တစ်ဖက်တွဲလို့...

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now