"စိတ်အေးအေးထားပါကွာ မာန်လေးက ကလေးမှမဟုတ်တော့တာ "
"ကလေးမဟုတ်လို့ပိုပူရတာပေါ့ကွ ဘာတွေဖြစ်နေလဲမသိ
ဘာတွေ လျှောက်လုပ်မယ်မသိ နဲ့ အခုလည်းမနက်ထဲက ကော်ဖီဆိုင်မှာ မတွေ့ရတာတဲ့လေ "
" သူလည်း စိတ်ထွက်ပေါက်လိုတယ်လေ ဘားမှမဖြစ်လောက်ပါဘူး"
၀င်းလွင် ဆောင်းစက်အကြောင်းကို စိုးရိမ်သော မျက်လုံး ၊ အမူအရာ၊ အသံတို့ နဲ့ ရောရှက်ကာပြောနေတဲ့ လင်းထက်ကို အသေအချာကြည့်မိသည်။
"လင်းထက်"
"အေး"
၀င်းလွင်ခေါ်သံကို လင်းထက်ပြန်ထူးသော်လည်း အကြည့်တို့ကတော့ Phonescreen က Contact nameတစ်ခုဆီကိုသာ ရောက်ရှိလို့။
"လင်းထက် "
ဖုန်းကိုသာ အမဲဖြတ် မတတ်ကြည့်နေတဲ့ လင်းထက် သူ့ဖုန်းကို ၀င်းလွင်က လုယူလိုက်တော့မှ ၀င်းလွင်ကို ပြန်ကြည့်လာသည်။
Hsuang Set ဆိုတဲ့နာမည်လေးကို၊ အရှေ့နဲ့ အနောက်မှာ အပြာရောင် အသဲEmoji လေးနှစ်ခု နဲ့အတူ မှတ်ထားတဲ့ contact name လေးကိုတွေ့ရသည်။
"မင်း... မာန်လေးကို..." ၀င်းလွင် အမေးရခက်ဟန်နှင့် ခေါင်းတစ်ချက်ခါလိုက်သည်။
"အေး မင်းထင်သလိုပဲ" လင်းထက် လည်း ၀င်းလွင်ရဲ့ စကားအသွားအလာကို သဘောပေါက်တာကြောင့် အမှန်ပင်ဖြေလိုက်တော့သည်။ စိတ်ထဲမှာတော့...
အေးလေ ဖုံးကွယ်ထားစရာလည်းမဟုတ်ဘူးလေ။
"ဟေ ဘယ်တုန်းကလဲ ဘယ်လိုဖြစ်ပြီးလဲ မင်းငါ့ကို ရှင်းပြစမ်းပါကွာ "
"ငါ...ငါ" လင်းထက် ငါနှစ်လုံးအစချီကာ သူ့သူငယ်ချင်အား ဖြစ်ကြောင်းကုန်စင် ပြောပြရလေသည်။
"တကယ်တော့ ငါ ဆောင်းစက်ကို စတွေ့တည်းက သဘောကျခဲ့တာ ဒါပေမယ့် ငါထင်ထားတာက ချစ်စရာကလေးလေးမို့ သဘောကျတာပဲ ထင်ခဲ့တာ။
ယောကျားလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က ချစ်လို့ရတယ် ၊ ချစ်ခွင့်ရှိတယ်လို့ မထင်ခဲ့ဘူး။
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomansaOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...