"မင်း အသည်းအသန် ဘာရှာနေတာလဲ"
"ကလေးကို"
မင်းလွင်အခွင့်သင့်တုန်း မေးချင်တာ မေးဖို့ပြင်ရတော့သည်။
"ဆောင်းစက်"
"ဟေ"
"ငါမင်းကို အကြောင်းစုံ မေးဖို့ သင့်ပြီထင်တယ်"
ထူးထူးဆန်းဆန်း မင်းလွင်ရဲ့ စကားကြောင့် ဆောင်းစက်မှာ မင်းလွင် ကို သတိထား မိတော့ မင်းလွင်က အလေးအနက်ပြော နေပုံပင်။
"ငါမင်း အကြောင်း အဓိက က မင်းရဲ့ အတိတ်ကို ငါဘားမှမမေးခဲ့ဘူး
မင်း အတိတ်မှာ ပြဿနာ တစ်ချို့ရှိခဲ့မှန်းငါသိပါတယ် ဒါကြောင့် ကိုကြီးက မင်းအပေါ်ဂရုတစိုက်ရှိတာလည်း သိတယ် ငါမမေးခဲ့တာက မင်းငါ့ကို ပြောပြချင်စိတ် ရှိမရှိမသိခဲ့လို့
ဒါပေမယ့် ငါအခု မေးချင်ပြီ မင်းက ငါ့အတွက် အနစ်နာခံပြီး အမြဲရှိခဲ့ပေမယ့် ငါကတော့ မင်းသူငယ်ချင်းဖြစ်ပြီး မင်းအနားမှာ ရှိနေပြီး ဘားမှလုပ်ပေးခွင့် မရှိနေဘူး ငါမင်းအတွက်ဆို ဘားမှမလုပ်ပေးနိုင်ခဲ့ဘူး အခုတော့ မင်းငါ့ကို ပြောပြမယ် မဟုတ်လား "
"မင်းလွင်ရယ် မင်း ငါ့အတွက် လုပ်ပေးခဲ့ပါတယ် မင်းသာ ငါ့ဆိုင်မှာ ပိုက်ဆံ မဆိုက်ပေးခဲ့ရင် ငါ့မှာ အိမ်ပိုင်ဆိုတာတောင် ကျန်မှာ မဟုတ်ဘူးလေ ငါအခုလို ရပ်တည်နိုင်တာ မင်းကြောင့်ပါကွာ ကဲပြော မင်းက ဘာသိချင်လို့လဲ "
"အင်း...မနေ့က ကိစ္စက မရိုးသားဘူး မဟုတ်လား မင်းကို ဓါးနဲ့ထိုးသွားတဲ့ အကောင်က မင်းအနားကပ်ပြီး တစ်ခုခု ပြော သွားတာငါမြင်လိုက်တယ် သူဘာပြောသွားတာလဲ"
ဆောင်းစက်က သူ့အကြောင်းတွေ မင်းလွင်ကို တမင် ဖုံးကွယ်ထားခဲ့တာမှ မဟုတ်တာ ။သူငယ်ချင်းကို မကောင်းတဲ့ အတိတ်ကို မဝေမျှ ခဲ့တာပဲ ရှိတာမဟုတ်လား။မေးလာတော့လည်းပြောရမှာပေါ့။
"သူက David လို့ပြောသွားတာ "
"David David ဆိုတာ ဘယ်သူမို့လိုလဲ မင်းလို အနေအေးတဲ့လူနဲ့ ဒီလိုအကောင်နဲ့ ပက်သက်စရာ အကြောင်းရှိခဲ့လို့လား "
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...