"ကလေး... ဒီနေ့အစောကြီးပဲ ကျောင်းမသွားဘူးလား "
"ဟုတ် ချွေးတွေ နဲ့ ရော့ သောက်လိုက်ဦး "
အနောင် က တည်ငြိမ်သောမျက်နှာပေးနှင့် အအေးခွက်လေးကို ဆောင်းစက်လက်ထဲထည့်ပြီး ၊ဆောင်းစက် နှာခေါင်းထိပ်နဲ့ နှဖူးက ချွေးစလေးတွေကို သူ့လက်ဝါး နဲ့ လက်ချောင်းလေးတွေကိုပဲ အသုံးပြုလို့ သုတ်ပေးလေသည်။
အအေးသောက်မယ့် ဆောင်းစက်က အအေးခွက်ကို ပါးစပ်မှာ တေ့တုန်း အနောင့်ရဲ့ အပြု အမူကြောင့် တုံ့ဆိုင်းသွားသည်။ အနောင့်မျင်လုံးကို စိုက်လို့ကြည့်တော့ ကြည်လင်တဲ့မျက်၀န်းလေးတွေထဲက အေးမြရိပ်လေးတွေလဲ့နေသလို ပူဆွေးရိပ်တစ်ချို့လည်း တွေ့ရသည်။
"ခဏ"
ဆောင်းစက် အအေးခွက်ကို ဘေးချလို့၊ အနောင့် လက်ကို ဆွဲပြီး အနောက်ဘက် ခြံ၀န်းလေးထဲကို ဆွဲခေါ်သွားသည်။ အနောင်ကလည်း အသာအယာလေးပင် ဆောင်းစက်ခြေလှမ်းတွေနောက် ထပ်တူညီစွာ လိုက်သွားသည်။
"ကလေး ဒီနေ့ အိမ်ပြန်တာလား ၊ အိမ်မှာ အဖေနဲ့ ဘာဖြစ်လာ လို့လဲ"
တည်ငြိမ်နေလှသော အနောင့်မှာ ဘားမျှပြန်မဖြေ။
"ကလေး မေးနေတယ်လေ ဘာလို့လဲ၊ ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား "
ဆောင်းစက်က အနောင့်ကို ဆွဲထားတဲ့လက်ကိုဖြုတ်ပြီး
အနောင့်နှဖူးက အပူငွေ့ကို သူ့လက်ဝါးနှင့် စမ်းဖို့ ပြင်လိုက်သည် ။အနောင်က သူ့နှဖူးဆီကို လှမ်းလာတဲ့ ဆောင်းစက်ရဲ့လက်ကို သူ့နှဖူးနဲ့အထိမခံဘဲ ဖမ်းဆွဲလိုက်သည်။
ဆောင်းစက်မှာ အနောင့်အပြုအမူကြောင့် ကြောင်အမ်းအမ်းနှင့် ဘာပြောရမှန်းပင်မသိ။
အနောင်က ရုတ်တရက်ဖမ်းဆွဲလိုက်တဲ့ ဆောင်းစက်လက်ကို နောက်လက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ ရုတ်တရက်ပင် နမ်းလိုက်သည်။ အပြုအမူများကရုတ်တရက်ဖြစ်သော်လည်း အနမ်းတို့ကတော့ အစိမ်းသက်သက်မဟုတ်။ နွေးထွေးသည်။ ညှင်သာသည်။ နူးညံ့သည်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...