"ဘယ်လို ကလေးက မင်းကိုအဲ့ ဒီလို တကယ်ပြောခဲ့ တာလား "
"အင်း "
"ဒါကြောင့် မင်းက ငါ့ကိုခေါ်ထားတာပေါ့"
"အင်း"
"ဒါဆို ကိုလင်းထက်က ငါ ဒီမှာရှိတာမသိဘူးပေါ့"
"အေး မသိဘူး တဲ့ ကိုကြီးမပြောပြမိဘူးထင်တယ် "
ဆောင်းစက် မင်းလွင်ကို မေးခွန်းတွေ မေးပြီးနောက် အခန်းတံခါးဖွင့်ကာ အပြင်ထွက်ဖို့ပြင်လိုက်သည်။
"ဟေ့ ဆောင်းစက် ဟေ့ရောင် ဘယ်သွားမှာလဲ "
ဆောင်းစက် တံခါးဖွင့်တော့ တံခါးဝမှာ ဝင်းလွင်ပါ ရောက်နေလေသည်။
"ဘယ်လဲ ဆောင်းစက်..."
"David နဲ့ ကိုလင်းထက် မကောင်းတဲ့ကိစ္စတစ်ခုခုရှိမယ်ထင်တယ်"
"ဒါဆို အခု မာန်လေးက ဘယ်သွားမှာမို့လဲ "
"မသိဘူး ကလေးဆီကို သွားရင်ကောင်းမယ် ကလေးရဲ့ အဖေတော့ တစ်ခုခုသိမယ်ထင်တယ်"
"ဒါဆို ငါတို့ လိုက်ခဲ့မယ်လေ " မင်းလွင်ကပြောလာတော့
"မလိုက်ပါနဲ့ ငါ တစ်ယောက်တည်းသွားလိုက်မယ် မင်းက အစ်ကို၀င်းလွင်နဲ့ ကိုလင်းထက်ကို ကူဆက်သွယ်ပေးထား "
"မင်း တစ်ယောက်တည်းလေကွာ "
"ရပါတယ် ငါကလေးဆီကိုသွားမှာပဲကို စိတ်မပူနဲ့ "
ဆောင်းစက် တစ်ယောက်တည်း ကားမောင်းလို့ ထွက်လာခဲ့တယ်။ ဒီညတော့ အအေးဓါတ်ပိုနေသလို အမှောင်ထုကလည်း ကဲနေလေသည်။
***
အနောင် အခန်းတံခါးကို ဖွင့်တော့ တွေ့လိုက်ရတာက ဒေါ်သူဇာ။
"အနောင် သား အန်တီ စကားခဏလောက်ပြောပါရစေ ကွယ်"
တခြားမှာရှိနေရာက ညကြီးအချိန်မတော် ရောက်လာတဲ့ ဒေါသူဇာရဲ့မျက်နှာ ကလည်း အမူအရာပျက်လို့။ အနောင် ဒေါ်သူဇာကို ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။
"သား အရာအားလုံးအတွက် အန်တီက အရင် တောင်းပန်ပါတယ် ဒါပေမယ့် မင်းအစ်ကိုကိုတော့ မင်း ကယ်ပေးပါဦးကွယ်"
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomantikOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...