"ရော့ ကလေး"
ဆောင်းစက် ကမ်းတဲ့ပျားသံပုရာရည်ခွက်လေးက အနောင့်မျက်လုံးထဲမှာအထူးအဆန်း။ ဆိုင် menuထဲမှာ အအေးက ဘယ်တုန်းက ပါသွားပါလိမ့်ပေါ့။
" ဒါက...ဘယ် ဝိုင်းကမှာတာလဲ menuအသစ်လား "
"Menu အသစ်လည်းမဟုတ်ဘူး ဘယ်၀ိုင်းကမှလဲမမှာထားဘူး ကလေးသောက်ဖို့ပဲပေးတာ Ready madeတွေ မဟုတ်ဘဲ ဒီလိုလေးလည်းသောက်စေချင်လို့လေ နောက်နေ့တွေလည်း Ready made မသောက်နဲ့တော့ သိလား"
"ဘယ်သူကရော ကြိုက်လို့လဲ သူပဲအမြဲအခန်းဝထားပြီးတော့..."
အနောင်ဆောင်းစက်ကို ဘုဆက်ဆက်နဲ့ပြောပြီး ဆောင်းစက် လက်ထဲကပျားသံပုရာရည်ခွက်ကို လှမ်းယူရင်း တစ်ဖက်သို့မျက်နှာလှည့်ကာ မသောက်ချင်သောက်ချင်တစ်ငုံမှ တစ်ခွက်လုံးအကုန်သို့ ၁မိနစ်တောင်မကြာ သောက်ပစ်လိုက်သည်။
ပျားသံပုရာရည်ဆိုတာဟာ အရသာကမချိုမချဥ် မဟုတ်လား။ ဒီမချိုမချဥ်အရည်ကိုသောက်မိတဲ့ အနောင့်မျက်နှာဟာလည်း မချိုမချဥ်ကိုဖြစ်လို့...။ ဖြစ်ဖူးလား ပျော်လို့ပြုံးချင်ပေမယ့် မာနထိခိုက်မှာစိုးလို့ နှုတ်ခမ်းနှစ်လွှာကို အသာဖိပြီး မသိမသာတည်လိုက်ရတာမျိုး...။ မာနမင်းသားလေးအနောင်ကတော့ ဒီလိုအဖြစ်မျိုး ပထမဆုံးအကြိမ် ဖြစ်ဖူးပါပြီ။
ဆောင်းစက်ကတော့ ဒီကလေး ဘာပြောပြော ဘာလုပ်လုပ် သဘောတကျရယ်နေလေရဲ့။
ကောင်တာဘက်ကို မျက်နှာပေးထားတဲ့ဝိုင်းမှာ ထိုင်နေတဲ့ ကိုး တစ်ယောက်ကတော့ ။အဖြစ်အပျက်အားလုံးကို သေချာ ကြည့်မိသွားပြီးနောက် မှတ်ချက်ပေးလိုက်မိသည်...။
"ကြည့်လို့ကို မရဘူး.."
********************
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံပေးပြီးဝင်လာတော့
ဦးမြတ်စံက စာဖတ်နေရာမှ မျက်မှန်ချွတ်ကာ မော့ကြည့်သည်။ လင်းထက်က လက်ထဲက စက္ကူစာအိတ်တစ်အိတ်ကို ဦးမြတ်စံအား ပေးသည်။ ဦးမြတ်စံ အိတ်ထဲမှ ဓါတ်ပုံတွေကို ထုတ်ကြည့်တော့ လင်းထက်က The Coffee Diaryဆိုတဲ့ coffeeဆိုင်မှာ အနောင် အချိန်ပိုင်းအလုပ်ဝင်နေကြောင်း။ အဲ့ဒီဆိုင်မှာပဲ နေနေပြီး ကျောင်းလည်းဆက်တက်နေကြောင်း စတဲ့ အနောင့်ရဲ့ လတ်တလော လှုပ်ရှားမှုတွေတိုင်းကို အစီရင် ခံသလိုနှယ် ပြောပြနေသည်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...