အနောင်က ကိုယ့်မှာကိုယ့်အပူနဲ့ကိုယ်။ အလုပ်ဆင်းရင်တောင် ဘယ်ကိုပြန် ဘယ်မှာအိပ်ရမလဲ မသိသေး တာမို့။ အေးဆေးနေတဲ့ ဒီလူသုံးယောက်ကို သူစိတ်မရှည်နိုင်တော့။ကျောပိုးအိတ်ဆွဲရင်း ပြန်လို့ရပြီလားလို့ မင်းလွင်ကိုမေးတော့ ၊ ညီထက်က Diaryစာအုပ်တွေအကြောင်းပြောဖို့ပြင်သည်။ မင်းလွင်က စကားကိုကြား၀င်ဖြတ်လိုက်သည်။
"အင်း ပြန်လို့ရပြီ ပုံမှန်တော့ ၉နာရီခွဲမှ ပြန်ရမှာအနောင် ဒီနေ့တော့ အကူအညီတောင်းစရာရှိလို့ စောစောပြန်လိုက် ဆိုင်ကို အကိုနဲ့ ညီထက် ပိတ်လိုက်ကြမယ် အနောင်က ဆောင်းစက်ကို သူ့ကားနဲ့အိမ်ပြန်ပို့ပေးပါလား"
"ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော် သွားပြီနော်"
အနောင်လည်း မြန်မြန်ပြန်ရဖို့အတွက်သာ စိတ်ကူးနေတာမို့ အလွယ်ပဲ ခေါင်းငြိမ့်လိုက်သည်။
ပြီးနောက် ဆောင်းစက်ကိုပြော ပြီး ကားပေါ်သို့ကြိုတက်လိုက်သည်။ ဆောင်းစက် က ဆိုင်ထဲကိုပြန်ဝင် ပိုက်ဆံအိတ်နဲ့ဖုန်းကိုယူရင်း မင်းလွင်နဲ့ ညီထက် ကိုနှုတ်ဆက်ကာ ကားပေါ်သို့တက်လိုက်သည်။ မိုးလေးဖွဲဖွဲ ကြား ကားလေးက တငြိမ့်ငြိမ့် The Coffee Diaryဆိုင်လေးရဲ့ ပရ၀ုဏ်အတွင်းမှ ထွက်ခွာသွားလေသည်။The Coffee Diary က မနက်၁၀နာရီဆိုင်ဖွင့်ပြီး ည၉နာရီဆိုင်ပိတ်ဖို့ပြင်သည် ။ ၀န်ထမ်းတွေကတော့ ၉နာရီခွဲမှအလုပ်ဆင်းကြသည် ။မိနစ်၃၀အတွင်း မှာတော့ စာအုပ်စင်ပေါ်က စာအုပ်တွေကိုပြန်စီတယ်။
နောက်နေ့အတွက် သီချင်း playlistပြင်တယ် ။ The Diaryဆိုတဲ့ ကော်ဖီအမျိုးအစားနာမည်တွေနဲ့ စာအုပ်တွေထဲက customerတွေရေးထားတဲ့ စာလေးတွေကိုဖတ်တယ်။ customerတွေက သူတို့ကြိုက်တဲ့ ကော်ဖီအမျိုးအစားအမည်နဲ့ Diaryစာအုပ်လေးတွေထဲမှာ သူတို့အမှတ်တရတွေရေးကြတယ်။
တစ်ချို့က အမှတ်တရ အနေနဲ့ အတူလာတဲ့လူ လာတဲ့Dateကိုရေးကြတယ်။ တစ်ချို့က သူတို့ကြိုက်တဲ့ကဗျာလေးတွေ စာတိုပေစလေးတွေရေးခဲ့ကြတယ်။ တစ်ချို့တွေဆို ကော်ဖီဆိုင်က ကော်ဖီအကြောင်းနဲ့ လူချောလေးတွေအကြောင်းရေးခဲ့ကြသေးတယ် ။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...