"ကလေးရော့"
ကျောင်းကပြန်လာတဲ့အနောင့်ကို ဆောင်းစက်က စတော်ဘယ်ရီသီး ဖျော်ရည်ခွက်လေးထိုးပေးသည်။
"ကျေးဇူးတင်ပါတယ်ဗျ"
အနောင်ကပြုံးလို့ရွှင်လို့ ဆောင်းစက်လက်ထဲကခွက်လေးကိုလှမ်းယူကာသောက်တော့...J၀င်နေပါသောမင်းလွင်။
"သောက်ဟေ့သောက်...အဲ့တာVIPတွေအတွက်Special menu တွေ ၊သောက်နိုင်သူတွေသောက်ကြ၊ တကယ်တည်း ညဥ်းတို့တွေ စွမြင်ကိုကပ်တယ်"
မင်းလွင်ပြောစကားကြောင့် အနောင်မှာ ရယ်အားသန်လို့၊ ဆောင်းစက်ကတော့ တံတောင်နှင့် မင်းလွင်ခါးကိုတွတ်လိုက်သည်။
"အာ့"
"Ice Black coffee တစ်ခွက်"
အသံကြားရာကိုကြည့်တော့ Ice black coffeeကိုမှာနေသူက ကိုး...
"ကိုး သောက်နေကျမသောက်ဘူးလား..."
ဆောင်းစက်ကမေးတော့ ကိုးက ခပ်ရေးရေးပြုံးယောင်ဆောင်ကာ ခေါင်းလေးခါပြရင်း ဆိုင်ထောင့်ဆုံးက စားပွဲလေးမှာ သွားထိုင်သည်။
"ကိုးလေး ဘာဖြစ်နေတာလဲမသိဘူး" ဆောင်းစက်ကပြောတော့ အနောင်က ကိုးကိုလိုက်ကြည့်နေသည်။
"Orderစာရွက်ပေး" မင်းလွင်က order စာရွက်ယူပြီး ညီထက်ကိုပေးတယ် ။ခဏကြာတော့Black coffee ခွက်ကိုယူကာ ကိုးဆီသို့ သွားသည်။
"Black coffee ရပြီ"မင်းလွင်က ကော်ဖီခွက်ချပေးတော့ ကိုးက မင်းလွင်ကို စိုက်ကြည့်နေတာမရပ်မနား။
မင်းလွင်ကကိုးနှဖူးကို ထောက်လို့ ခေါင်းကိုတစ်ဖက် သို့စောင်းသွားအောင်တွန်းလိုက်တော့မှ ကိုးအသိပြန်၀င်တော့သည်။
"ဘာဖြစ်နေတာလည်း..."
"ဘားမှမဖြစ်ဘူး စိတ်ညစ်လို့ Black coffee သောက်ကြည့်ချင်လို့လေ ထူးဆန်းနေလို့လား"
" Black coffee သောက်တာ မထူးဆန်းပါဘူး အဲစိတ်ညစ်လို့ သောက်တာဆိုရင်တော့ ထူးဆန်းတယ်
မင်းမို့လိုကိုထူးဆန်းတယ် မင်းကစိတ်ညစ်တတ်သေးတာလား"
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...