"ခင်များတော့နော်..."
ဆောင်းစက် မြုပ်သွားတဲ့နာရီလေးကို ကြည့်ရင်း ဘာလုပ်ရမှန်း မသိ။ သူသိလိုက်တာက ငှက်လေးက ရေထဲဆင်းပြီး သတ်သေဖို့လုပ်တာမဟုတ်ဘဲ နာရီကောက်ဖို့ကြိုးစားနေတာပဲ။
သူဘာပြန်ပြောရမယ် တွေးနေတုန်း ငှက်လေးက ရေထဲကို ဆက်ဆင်းဖို့လုပ်နေတာကြောင့် လက်ကိုမလွှတ်ပေးသေးဘဲ အတင်းဆွဲထားရပြန်သည်။ နာရီတစ်လုံး ဘယ်လောက်တန်မှာမို့လို့လဲ ကန်တော်ကြီးက ရေကန်ရေသေကန်လည်းဖြစ်တယ် ၊နက်လဲနက်တယ် ။ ပြန်တွေ့ဖို့မလွယ် ရေငုပ်ဖို့မလွယ် တာမို့ နာရီဆုံးရှုံးလည်း ရှုံးပါစေပေါ့။
" ဟာ ဖယ်ဗျာ"
အခုချိန်မှာ သူ့အားကိုးရာက ဒီနာရီပဲရှိတာမို့ အနောင် နာရီကို မရရအောင်ပြန်ယူဖို့စိတ်ကူးပြီး သူ့ ကို ဖက်ချုပ်ထားတဲ့လူကို စောင့်တွန်းဖယ်ကာ ရေထဲသို့ နောက်ခြေတစ်လှမ်းတိုးလိုက်သည်။
"ဟေ့ကောင်လေးရေကန်ထဲ ဆင်းလို့မရဘူးလေ"
"အား!!!..."
ငှက်လေး စောင့်တွန်းလိုက်တာကြောင့် ဆောင်းစက် လက်ထောက်လျက်နဲ့ သစ်ပင်အမြစ်ကြီးတွေ ခဲတွေနှင့် မညီမညာမြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းလဲကျသွားပြီး လက်ဖျံကအတော် နာသွားတယ်။ ဒါပေမယ့် စိတ်ကတော့ ထိုကောင်လေးနှင့် ကန်တော်ကြီးသာယာရေး ရုံးက လူတွေ စကားဝိုင်းထဲရောက်နေသည်။
"မဆင်းလို့မရဘူး ကျွန်တော်နာရီ ပြုတ်ကျသွားလို့ "
"ဘာကျကျဆင်းလို့မရဘူး ပြောနေတာဆက်ဆင်းမယ်ဆိုရင် မင်းသာယာရေးရုံး လိုက် ခဲ့ရမယ် "
"ဟာဗျာ ..."
စိတ်အဆင်မပြေပါဘူးဆို ပြဿဒါးပဲဟေ့ ။ ဆင်းမရလဲမဆင်းတော့ဘူး ။ ဘယ်လိုတွေ ကြုံနေရမှန်းကိုမသိဘူး။ အင်းလေ ရေထဲဆင်းလဲတွေ့ဖို့မှမကျိန်းသေတာ ။ လက်ထဲမှာရှိတဲ့ ပိုက်ဆံတစ်သိန်းလောက် ဆိုတာလဲ ဘာလုပ်လို့ရမှာမို့လို့လဲ ။ အနောင်တစ်ယောက် စိတ်ရှုပ်ရှုပ်နဲ့ ဖိနပ်ကောက်စီး ကျောပိုးအိတ်လွယ် ရင်း ထိုနေရာမှ ထွက်လာလိုက်သည်။ လမ်းတစ်ဝက်အရောက် နောက်ပြန်ကြည့်တော့ ။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
Roman d'amourOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...