"ကလေးရယ် မငိုနဲ့နော် တိတ်တိတ်"
"ဟင့် အင့် သားသားက ငှက်...ငှက်လေးဖြစ်ရင် အင့် မေမေ့ဆီမြန်မြန်သွားလို့ရမှာပေါ့နော် အင့် "
"ရတာပေါ့ ငှက်လေးမဖြစ်လည်း သားသားက မေမေ့ဆီ မြန်မြန်သွားလို့ ရတယ် ဒါပေမယ့် အားရှိရမှရမှာ"
"ဟင့်အင်း ဟင့် အင်း...အားမရှိချင်ဘူး အင့်...အတောင်ပံပဲရှိချင်တာ ..အင့်... အတောင်ပံရှိမှဒီကထွက်သွားလို့ရမှာ ဟင့် ..ဟင့်... ဟိုးမှာ ဟိုအပေါ်ကအပေါက်က ထွက်သွားလိုက်မှာ... အင့်"
"အဲ့တာဆို အတောင်ပံပေါက်အောင်လို့ ဒါလေးစားနော် မငိုနဲ့တော့် လိမ္မာတယ်"
"ဂျိမ်း.......၀ုန်း................"
"အင့် ဟင့် သားသားကြောက်တယ် ...အီး...မေမေ ..မေမေရေ"
"တိတ်တိတ် မငိုနဲ့နော် အ...အ...အမရှိတယ် တိတ် ငှက်လေးဖြစ်ချင်တယ်ဆိုမငိုရဘူး...လေ တိတ်တိတ်"
*****************
ဆိုင်က လူသိပ်မလိုဘူးလို့တွေးမိခဲ့ပေမယ့်၊ မင်းလွင် တောင်တက်ခရီးသွားချိန်မှာတော့ ၊ ဆိုင်မှာလူ၃ယောက်တည်း သိသိသာသာကြီးကို အလုပ်ရှုပ်ကြရတယ်။
နေ့ခင်းဘက်တွေဆို အနောင်ကလည်း မရှိတာမို့ ၊ တစ်နေ့ကို တစ်ခါလောက်ပုံမှန် အပြင်လေ ထွက်ခံဖြစ်တဲ့ဆောင်းစက် လေညှင်းခံဖို့နေနေ သာသာ အကို ၀င်းလွင်ဆီတောင် မရောက်ဖြစ်တော့ဘူးရယ်။ ဒီတစ်ပတ်ပိတ်ရက် အကို၀င်းလွင်ဆီသွားမှ ရမယ်ထင်တယ်။
"အကို Break Timeယူဦးလေ ၂နာရီတောင်ခွဲပြီ အကို့အတွက် ထမင်းပေါင်းမှာထားပေးတယ်"
အကိုမင်းလွင်မရှိရင် အကိုဆောင်းစက် ကပိုပင်ပန်းတယ် ။ cashierလည်းသူ ၊ waiterလည်းသူ၊orderကောက်လည်းသူ ၊ မနက်ပိုင်း ဆိုင်ကိစ္စတွေကို အနောင်ကလုပ်ပေးသွားလို့ တော်သေး။
အခုတောင် ညီထက်တစ်ယောက်တည်းမို့အားနာပြီး ထမင်းတောင် သွားမစားရှာဘူး။ ဆိုင်မှာ လူပါးတုန်းမှာ ညီထက်က ဆောင်းစက်ကို သတိပေးလိုက်တယ် ။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...