"ကဲ ဒီနေ့တော့ အလုပ်တွေ တက်တက်ကြွကြွလုပ်ပြီး မနက်ဖြန်တော့ သာယာကြမယ် နော် ကလေးတွေ"
"Yes Daddy" မင်းလွင်စကားအဆုံး ချက်ခြင်းတုန့်ပြန်မှု ပေးလိုက်ပါသော ကိုး။
"ဟေ့ ခွေးပေါက် မင်းကိုပြောလို့လား ငါကငါ့ဆိုင်က လူတွေကိုပြောတာလေ"
"မပြောပြော ပြော ပြော ပြော ပြော ခရီးသွားမယ့်အထဲ ကိုးလဲပါတယ်လေ "
ခေါ်မိတာကိုက မှားတယ် တကယ်တည်း ။
"အမေက နိုင်ငံကျော်မင်းသမီး လူချစ်လူခင်ပေါ၊ သားကတော့ ချစ်မွှေးကိုတုံးတယ်" မင်းလွင် စဥ်းစားရင်းပင် အတွေးက အသံ အဖြစ်သို့ပြောင်းသွားသည်။"ဘာပြောလိုက်တာလဲ"
"ဘာကြားလိုက်လဲ"
"Daddy အမွှေးတုံးနေပြီဆိုလား"
"ကြီးတော်ကို အမွှေးတုံးရမှာလား ငါထုထည့်လိုက်လို့ ဘယ်လို ဟာလေးလဲမသိဘူး " မင်းလွင်ပြောပြောဆိုဆို သူ့အရှေ့က ကိုးကို လက်နဲ့ရွယ်လိုက်တော့ ၊ ချာကနဲ ထွက်ပြေးသွားပါသောကိုး ကြောင့်၊နေရာမှာတစ်ယောက်တည်းသာကျန်ခဲ့ရှာသည်။
ဆောင်းစက်ကတော့ မင်းလွင်တို့နှစ်ယောက်ကို ကြည့်မိရင်း သဘောကျနေရသည်။ ဘယ့်နှယ့် မင်းလွင်ရယ် ခါတိုင်းတော့ သူ့clubနှစ်ခု က ကလေးတွေနဲ့တရုန်းရုန်း အဆင်ပြေနေပြီး။ အခုမှ ၁၆နှစ်သားလေးနဲ့ ရန်ကပ်ဖြစ်နေရတယ်လို့။
မင်းလွင်တို့ကို သဘောတကျ ကြည့်နေတဲ့ ဆောင်းစက်ကတော့ ဆိုင်ထောင့်ကနေ သူတို့လှုပ်ရှားမှုအစုံကို စောင့်ကြည့်နေတဲ့လူတစ်ယောက်ကို သတိမထားမိ ။ ထိုသူကို သတိထားမိတာ အနောင်သာတစ်ယောက်သာ။
အနောင် ဒီလူ့ကို ကြည့်နေတာ ၁၅ မိနစ်လောက် ရှိလောက်ပြီ။ ကော်ဖီမှာပြီး ကော်ဖီမသောက်ဘဲ ဖုန်းပြောတာတင် နှစ်ခါလောက်၊ ပြီးတော့ ဟိုလူ့ကြည့် ဒီလူ့ကြည့်နဲ့ ဘိုးတော်ပြုံးကို လည်းသေသေချာချာကြည့်လို့ ။ အနောင် ခါတိုင်း ဒီလူ့မျက်နှာကို မြင်ဖူးသည်မထင်မိ။သူက ညနေပိုင်းပဲ ဆိုင်မှာရှိတော့ မနက်ပိုင်းလာတတ်တဲ့ သူလည်းဖြစ်နိုင်သည်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...