"အဟမ်း"
အနောက်မှထွက်လာတဲ့ ချောင်းဟန့်သံကြောင့် ဆောင်းစက်လှည့်ကြည့်မိတော့ တွေ့လိုက်ရတာက သူ့ရဲ့ငှက်လေး ။ဆောင်းစက် ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်တာမို့ မျက်စိကိုပွတ်ကြည့်မိသေးတယ်။ ငှက်လေးက ဒီအချိန်ကြီးဘာလာလုပ်မှာတုန်း။
"ဖုန်ဝင်သွားလို့လား"
မျက်လုံးကို အားပါးတရပွတ်နေတဲ့ လူကိုကြည့်ကာ အနောင် မေးမိတော့ ...
သူ့က ရှိသမျှသွား အကုန်ပေါ်အောင် ရယ်ပြနေတယ်။
"မဝင်ပါဘူး ကိုယ် အမြင်မှားတာလားလို့ "
"ဒီရုပ်က လူမှားစရာရှိသေးတယ်ပေါ့၊ မနေ့က ဓါးထိသွားတာကဗိုက်ကိုလား မျက်လုံးကိုလား"
အနောင် ဆောင်းစက်မကြားအောင် တစ်ဖက်သို့လှည့်ကာ ခပ်တိုးတိုးပြော လိုက်ပေမယ့် စိတ်ထဲကတော့ ကြားစေချင်တာ အမှန်။ ဘယ်နှယ့် ခံပြင်းစရာကောင်းတယ်မဟုတ်လား။ ဆိုင်မှာတော့ ကလေး ကလေးနဲ့ဂရုတစိုက် ရှိပြတဲ့လူက အပြင်ရောက်တော့ ကိုယ့်တောင် မမှတ်မိဘူးဆိုတဲ့အချိုး။
သူပြန်လှည့်မကြည့်ခင် ဆောင်းစက်ပြန်ပြောတဲ့ ခပ်တိုးတိုးအသံလေးက ဆောင်းလေအေးလေးနဲ့ အတူ ခပ်သဲ့သဲ့ လွင့်ပျံသွားသည်။
"လူမှားတာမဟုတ်ပါဘူး ကိုယ့်မျက်လုံးထဲမှာ ကလေးရဲ့ပုံရိပ်တွေက ခဏခဏ ထင်ကျန်ရစ်နေလို့ အခုရော ပုံရိပ်ယောင်များ ဖြစ်နေမလားလို့ပါ"
ကြားတစ်ချက် ၊မကြားတစ်ချက်စကားကြောင့် အနောင် ပြန်လှည့်ကာ မေးကြည့်တော့ ၊ဆောင်းစက်က စကားလမ်းကြောင်းပြောင်းသွားပါရော။
"ဟင်"
"ဘားမှ မဟုတ်တော့ဘူး နေဦး ကလေးက အစောကြီးကို ဘာလာလုပ်တာလဲ"
ဘာလာလုပ်တာလဲပဲမေးရတယ်ရှိသေး၊ သူများကတော့စိတ်ပူလို့ အစောကြီးထလာရတာကိုး ။
" ကားလာပေးတာလေ ညက ကားယူသွားလို့""သြော် ကားလာပေးရင်နဲ့ ဒီမှာပဲနေလိုက်တော့"
"ဘာ...ဘာလို့နေရမှာလဲ ဆိုင်ဖွင့်ရဦးမယ်လေ"
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...