" Share တွေ ကျွန်တော်ပြန်၀ယ်ပြီးပြီအန်ကယ် "
"အန်ကယ် ကိုပြန်လွှဲပေးတော့မလား"
"အာ စောသေးလားလို့အန်ကယ် ဒီလိုလေ မြပန်ဝါကိစ္စကြောင့် shareစျေးတွေ ထိုးကျသွားတာဆိုတော့ အန်ကယ် မှာအခု share အ၀င်တွေ တွေ့ရင် တခြား ဒါရိုက်တာတွေရဲ့ ပြဿနာ အရှာခံရနိုင်တယ်"
"အေး အေး ကောင်းပြီလေ ၊ မင်းအဆင်ပြေသလိုစီစဥ်လိုက် Project ပြန် runဖို့ ကိစ္စကရော"
"ကျွန်တော် လွင်ထက် groupနဲ့ production ပိုင်းနဲ့ပက်သက်ပြီး အတည်ပြုစာချုပ် ချုပ် တော့မှာပါ ပြီးရင် runလို့ရပြီလေ"
"Okလေ မြန်မြန်ပြီးအောင်လုပ်ကွာ ပြီးရင်မင်း ရာထူးတိုးယူဖို့ပြင်တော့"
"ဟုတ်ကဲ့ အန်ကယ်"
ပြန်လှည့်ထွက်လာတာနဲ့ တစ်ပြိုင်နက် လင်းထက်မျက်နှာက ရုတ်ချည်းပြောင်းလဲသွားတယ်။
ရာထူးတိုးဖို့ ပြင်ရဦးမတဲ့လား ရယ်စရာတွေသိပ်ပြောတာပဲ ဦးမြတ်စံ ဟက်။လည့်ထွက်သွားတဲ့ လင်းထက်ကို မျက်စိတစ်ဆုံးအထိ ကြည့်အပြီးမှာတော့ ဦးမြတ်စံ ဖုန်းကောက်ဆက်လိုက်သည်။
"အေး ငါစုံစမ်းခိုင်းတာရပြီလား"
"ဘာ ဆောင်းစက်မာန်...သူကဘယ်သူမို့လို့လဲ "
"အေး အဲ့တာဆို သူ့နောက်ကြာင်းကို လိုက်ကြည့်လိုက်"
ဖုန်းချပြီးနောက် ဦးမြတ်စံ အတွေး တစ်သီတစ်တန်းနဲ့ အရှုပ်တော်ပုံတွေရဲ့ အဖြေကို ရှာသည်။ ဆောင်းစက်မာန်က ဘယ်သူမို့ လင်းထက်က ဒီနာမည်နဲ့ shareတွေကို ၀ယ်ထားရတာလဲ။ ဆောင်းစက်မာန်ဆိုတဲ့ နာမည်ကလည်း ငါရဲ့ရင်းနှီးနေသလိုပဲ။ လင်းထက်ကရော တကယ်ပဲစစ်ဆေးရေးတွေကြောင့် တခြားနာမည်တစ်ခုနဲ့ share၀ယ်ထားရတာလား...။အေးလေ ဘယ်လိုပဲလုပ်လုပ် နောက်ဆုံးရလာဒ်က ငါ့အတွက်ပဲဖြစ်ရမှာပဲလေ။
ဦးမြတ်စံတစ်ယောက် သူ့အတွေးနဲ့အတူ ကျေနပ်လို့ နေပါတယ်။
***
"ကလေး မျက်နှာ ကြီးက ဘာဖြစ်နေတာလဲ နေမကောင်းလို့လား "
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...