အားလုံးပြန်သွားချိန်မှာတော့ အနောင် တစ်ယောက်တည်းသာကျန်ခဲ့တော့သည်။
စိတ်ထဲမွန်းကြပ်လိုက်တာ ...၊ဘာတွေကများမွန်းကြပ်စေသလဲလေ။ မေမေ့ကိုသတိရတယ်...။
ဟုတ်ပါတယ် အနောင်တစ်ယောက်သူ့အမေကို သတိရနေပါတယ်။
ကိုး ဆိုတဲ့ကောင်လေးက ကံကောင်းလိုက်တာလေ။ နိုင်ငံကျော်မင်းသမီးကို အမေတော်ထားရပြီး ၊ အမေကလည်း နားလည်မှုရှိတဲ့ပုံ၊ ကိုးကိုလဲသိပ်ချစ်တဲ့ပုံပဲ။
အနောင့်ဘ၀မှာ မပျော်ခဲ့တာသာရှိခဲ့ဖူးပါသည် ။သိမ်ငယ်စိတ်တော့ မ၀င်ဖူးခဲ့ပါ။ ဒါပေမယ့် ကိုးဆိုတဲ့ ကောင်လေး နဲ့ သူ့ကိုယ်သူ ယှဥ်တွေးမိရင်တော့ သူ သိမ်ငယ် ပါသည်။
ရုပ်၀တ္ထု ပိုင်ဆိုင်မှုတွေကြောင့်မဟုတ်ဘဲ၊ ကိုးရဲ့ ပေါ့ပါးသွက်လက်တဲ့ စရိုက်လေးကကို သူ့ကို အားကျမှုဖြစ်စေတယ်မဟုတ်လား...။
အနောင်အတွေးတွေကို မောင်းထုတ်လိုက်ပြီး Black Coffee diaryစာအုပ်လေးကို လှန်ဖတ်လိုက်သည် ။
သူသတိထားမိတဲ့ လူရဲ့ အရေးအသား ၊ဒါ သူ့မောင်နဲ့မပက်သက်နဲ့လို့ ရေးခဲ့တဲ့ အမျိုးသမီးပဲဖြစ်ရမယ်။" ငါ့မောင်အနားမှာဆက်ရှိမနေပဲ ထွက်သွား...
တစ်သက်ခွင့်မလွှတ်နိုင်ဘူး...
မိဘအပြစ်ကို သားသမီးကလည်း ဝင်ဆပ်သင့်တယ်"ဒီအမျိုးသမီး ကဘယ်သူပါလဲ။ ဘာလို့များ ဒီဆိုင်ရဲ့စာအုပ်မှာ ဒီလိုအမြဲရေးနေတာလဲ။ ဘယ်သူ့ကို ပြောချင်တာလဲ။ အစ်ကိုတွေကိုပြန်ပြောပြရင်ကောင်းမလား။
တော်ပါပြီ။ အနောင်ပင်ပန်းနေပြီမို့ အိပ်လိုက်ဖို့သာ ပြင်တော့သည် ။ မျက်လုံးပိတ်၊ မီးပိတ် ၊ အတွေးတံခါးတို့ ပိတ်ချိန်။ အိပ်စက်ခြင်းဆီသို့... တဖြေးဖြေး...၊ တဖြေး...ဖြေး... ၊တ..ဖြေး...ဖြေး....နဲ့ရောက်ရှိသွားသည်။
အနောင့်လို သာမန် ကျန်းမာတဲ့လူတစ်ယောက်အတွက် အိပ်ပျော် နိုင်ဖို့ ၁၀မိနစ်မှ မိနစ် ၂၀ကြားသာ ကြာပါသည်။
***
သို့သော်...ဆောင်းစက်မှာတော့ ခေါင်းနဲ့ခေါင်းအုံး ကပ်နေရင်း ၁နာရီကြာပြီအိပ်မပျော်သေးပါ ။ ဝင်းလွင်က အိပ်ဆေးတွေ သိပ်မသောက်ရဘူးလို့ပြောတာမို့ ၊ အိပ်ပျော်နိုင်ရန် တရားမှတ်ခြင်းမှလွဲ၍အခြားမရှိ။
ဆောင်းစက်အတွက်တော့ ဘယ်တွေဘယ်လိုပဲ ဖြစ်နေနေ သူ့ဘ၀ကို စိတ်ပျက်တယ်လို့ မရှိသလို။ မကျေနပ်ခြင်းလဲမရှိပါဘူး၊ အတိတ်က အဖြစ်ဆိုးတွေကိုတောင် အပြစ်မတင်ခဲ့ပါဘူး။
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...