"ကျွန်တော် အိမ်ပြန်မလာဘူး "
"ဘာလဲ မင်းက တစ်ခေတ်ဆန်းပြီး တစ်လမ်းထွင်ချင်နေတာလား"
အနောင် ဦးမြတ်စံစကားကိုဘားမှပြန်မဖြေပဲ ဦးမြတ်စံမျက်နှာကို သာစေ့စေ့ကြည့်ပြီး အဓိပ္ပါယ်ဖော်နေသည်။
"လူကြားထဲမှ ချပြလို့မကောင်း ရှက်စရာကိစ္စတွေကို အဆန်းတကြယ်လုပ်မနေနဲ့ အနောင် အိမ်သာပြန်လာခဲ့ "
သေချာပါပြီ သူ့အဖေ သူနဲ့ အစ်ကို့ရဲ့ ပက်သက်မှုကို သိသွားပြီ ။
" သိနေရင်လည်းအကုန်သာ ချပြောလိုက်ပါလားအဖေ ဘာကိုဆိုလိုချင်လဲဆိုတာ..."
"အေး ပြောဆိုတော့လည်းပြောရတာပေါ့ မင်းတို့ ယောကျာ်းချင်း အချစ်တော်ထားတဲ့ ကိစ္စကို ငါသိထားတယ် ဒါကြောင့်ရပ်လိုက်တော့"
"အဖေ အိမ်ထောင်ရေးကိစ္စလည်းသားကို ၀င်ရှုပ်ပိုင်ခွင့် မပေးခဲ့ဘဲနဲ့ သားအလှည့်မှ အဖေက ဘာလို့ ၀င်တားဆီးနေတာလည်း အိမ်ကိုပြန်လာခိုင်းတာ ဒါကြောင့်ဆို ပြန်လာမှာမဟုတ်ဘူး သားကိစ္စသားဘာသာ ဆုံးဖြတ်မယ် "
အနောင် ပြောလက်စ စကားကိုပြောရင်း မတ်တပ် ထရပ်လိုက်သည်။ ဦးမြတ်စံက လှည့်ထွက်သွားတော့မယ့် အနောင့် ခြေလှမ်းတွေကို ရပ်ဆိုင်းနိုင်စေမယ့် စကားတစ်ခွန်းကို ဆိုသည်။
"နှင်းစက်မာန်...ဆောင်းစက်မာန်ရဲ့အစ်မ နှင်းစက်မာန်အကြောင်းကို မင်းသိလား..."
***
ကွယ်လွန်သူ နှင်းစက်မာန်အားရည်စူး၍ မိဘမဲ့ ကလေးများအား ၊ အဟာရဒါနနှင့် ပညာရေးထောက်ပံ့ငွေ အလှူတော်...
" ကျွန်တော် ကျွန်မတို့၏ ခန္ဓါအား ဆက်လက်ရှင်သန်စေပါရန် ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် ပေးကမ်းချီးမြှင့် ထောက်ပံ့ကြပါသော အလှူ့ရှင်များ ...ကိုယ်ကျန်းမာကြပါစေ ... စိတ်ချမ်းသာကြပါစေ... ကိုယ်ကျန်းမာ စိတ်ချမ်းသာသလို... ကုသိုလ်ကံ အထောက်အပံ့များသည်လည်း ခိုင်မာကျိုးပြု နိုင်ပါစေ..."
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...