ဘာပဲပြောပြော မင်းလွင် အနည်းငယ်တော့ ကျေနပ်ရသည်။ ချာတိတ်လေးက သူ့အတွေးမှာ သူ့လောက်နီးနီးကိုရုပ်ချောတယ်မဟုတ်လား...ဟဲဟဲ ဒီတစ်ချက်ကြောင့်နဲ့တော့ ဆိုင်မှာ ကောင်မလေးတွေများဦးမယ်။
နောက်ပြီး ၀န်ထမ်းမရသေးရင် တစ်နေကုန်တစ်နေ့လုံး သူလည်း စားပွဲထိုး၀င်လုပ်ရဦးမယ်။ ဒါဆိုရင် သူ့clubက ကောင်မလေးတွေ နဲ့ သူ့club အဖွဲ့၀င်တွေ အတွက် အချိန်မပေးနိုင်ဖြစ်ဦးမယ်။ အိမ်း သူလေးကို ခန့်လိုက်လည်းကောင်းပါတယ်လေ ။ ဒါနဲ့ မင်းလွင် အချေလေးကို ဆရာတော့လုပ်ချင်သေးတယ်။
"ကဲ လာ ညီနောင် ဆိုင်နဲ့ပက်သက်တာ အကို နည်းနည်းပြောပြမယ် "
တကယ် သူ့နာမည်ကိုဘယ်လိုတွေ ခေါ်နေကြမှန်းမသိတဲ့ လူတွေ။ တစ်ယောက်ကလည်း ဘာကို ဘယ်လို ကြည့်ခေါ်လိုက်မှန်းမသိ ငှက်လေး တဲ့ ၊ ငှက်လေး လို့ ခေါ်ရအောင် ငှက်ရုပ်လည်းမပေါက် လူကောင်ကလဲ ဂျပု သေးသေးကွေးကွေးမဟုတ် သူ့ထက်ပင် နှဖူး တစ်ပြန်သာနေဦးမည်။
နောက်တစ်ယောက်ကလည်း ဘာတဲ့ ညီနောင် ၊ သူ့နာမည် နောက်ဆုံးတစ်လုံးကို ဆွတ် ခေါ်တာသိပေမယ့် နားထဲမှာအဆင်ပြေမနေ၊ မသိရင် ဟိုးရှေးခေတ်က နောင်ကြီးတွေ ၊နောင်ငယ်တွေ ၊ ညီနောင်တွေ ကိုဖြစ်လို့။
အနောင် စိတ်ပျက်ပျက်နဲ့ နှဖူးရှေ့ ဝဲကျနေတဲ့ ဆံပင်တွေကို၊ မွှေးညှင်း ပါးလေးတွေနဲ့အနားသပ်ထားတဲ့ ကကြီးပုံ နှဖူးစပ် အပေါ် ပြန်သပ်တင်ရင်း
"ဟုတ် ကဲ့အကို ဆိုင်အကြောင်းမပြောရသေးခင် ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မိတ်ဆက် ချင်တယ်၊ ကျွန်တော့် နာမည်က သက်မှူးနောင် ၊သက်မှူးနောင်လို့ အပြည့်မခေါ်ချင်ရင် အနောင်လို့ခေါ်လို့ရပါတယ် ၊ တခြားနာမည်တွေဆို ကျွန်တော် အာရုံထဲသိပ်မ၀င်လို့ ဒီလိုပဲခေါ်ပေးပါ ၊
ကျွန်တော့်အသက်က ၂၀အသက်က ။ နောက်ပြီး ကျွန်တော်က အစိမ်းသက်သက်ကြီးနဲ့ အလုပ်လာလုပ်တဲ့သူဆိုတော့ ၊ ယုံကြည်ရခက်ခဲမယ်ဆိုရင် ကျွန်တော်မှတ်ပုံတင်ကို အချိန်တစ်ခုထိသိမ်းထားလို့ရပါတယ်။"
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...