မနက်လင်းတော့ အနောင် g&gက ရေဘူး၊သွားတိုက်ဆေး၊သွားတိုက်တံတွေနဲ့ ကားပေါ်မှာ ၂ပါးသွားပြီးနောက်၊ အဆောင်ခန်းတစ်ခုရှာဖို့ကြိုးပမ်းရသည်။
ရန်ကုန်မှာ အဆောင်တစ်ခုရှာရတာသိပ်တော့မခက် လှည်းတန်းတစ်ဝိုက် ၅မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ အဆောင်ငှားမယ့် ကြော်ငြာစာရွက်များစွာတွေ့ရတာမို့ စျေးသင့်တဲ့ အဆောင်ကိုသာရှာဖို့ပြင်လိုက်တယ်။ ခက်တာက အဆောင်တွေက စျေးသင့်ရင် လူမတင့် ၊နေရာမတင့် မို့ အနောင့်မှာအခက်တွေ့ရတော့သည်။
အချိန်ကြည့်မိတော့ မနက် ကိုးနာရီကျော်၊ ဆောင်းစက်ကို သွားခေါ်ဖို့ရှိနေတာမို့ ကားလေးကို ၈မိုင် ဘက်ကချိုး၍ ရွှေနှင်းဆီကွန်ဒိုဘက်သို့ ဦးတည်လိုက်သည်။
ရွှေနှင်းဆီနာမည်နဲ့ condo ဘေးမှာ ရွှေနှင်းဆီ Apartment တစ်ခုလည်းရှိသည်။ အနောင်က ကားလေးကို Condoရှေ့မှာရပ်လိုက်တော့၊ ဆောင်းစက်က Apartment ၀န်းဘက်မှ foreigner တွေနဲ့ အပြုံးတွေကို ဖောဖောသီသီသုံးရင်း စကားလက်ဆုံကြနေသည်။
အနောင့်ကိုတွေ့တော့ ဆောင်းစက် စကားစဖြတ်ပြီး လက်ထဲမှာစက္ကူအိတ်လေး တစ်လုံးကိုင်လို့ ကားလေးဆီသို့ ပေါ့ပေါ့သွက်သွက် လေးပြေးလာသည်။
မနေ့က လုံချည်နှင့် တည်ငြိမ် ခန့်ငြားတဲ့ခဲ့တဲ့လူက၊ ဒီနေ့တော့ အဖြူရောင်ဂျင်းပါးဘောင်းဘီရှည်ကို အနက်ရောင်တီရှပ် နှင့်တွဲဖက်၀တ်ဆင်ထားပြီး ဆယ်ကျော်သက်လေးတစ်ယောက်လို မိမိုက်နေသည်။ မကွဲပြားတာတစ်ခုကတော့ လက်က ပတ်တီးဖြူနှင့် မျက်နှာမှာ တပ်ဆင်ထားသော အပြုံးပန်းလှလှပင်ဖြစ်သည်။
တကယ်ကို စတေကာတစ်ခုကို အမြဲ တပ်ဆင်ထားသလိုပါပဲ ဒီလူ့အပြုံးက ဘယ်အချိန်မှာကွာတတ်ပါသလဲ။
"Morning ကလေး"
"Morning"
ဆောင်းစက် နှုတ်ဆက်လာတာကို အနောင် ခေါင်းငြိမ့်ပြပြီး ပြန်နှုတ်ဆက်လိုက်သည် ။ မပြုံးတတ်မရယ်တတ်တာ အနောင့်အကျင့်ပေမို့ ပြုံးတော့မပြုံးပြဖြစ်လိုက်ပါ။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
عاطفيةOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...