"အားးး "
စားပွဲပေါ်က ပစ္စည်းတွေအားလုံး အခန်းထဲမှာ ကြဲပြန့်လို့ ။ မျက်လုံးထဲမှာ စွဲထင်ခဲ့သော မီးတောက်တွေက သူ့ကိုပင်လောက်မြိုက်နေသလိုလို ။ အခုအချိန်မှာယူကြုံးမရဆုံးက သစ္စာဖောက်ခံရတယ်ဆိုတဲ့ ခံစားချက်။နားထဲပြန်ကြားယောင်လာတဲ့စကားတွေက နှလုံးသားကိုပါ ထိုးဖောက်နေသယောင်ယောင်။
***
"မမ သား ဒီလိုကြီးမ၀တ်ချင်ဘူး"
မိန်းကလေးဂါဝန်ကြီးဝတ်ထားရတဲ့ ဆောင်းစက်က မျက်နှာကလေး ရှုံ့ရှုံ့မဲ့မဲ့ဖြင့် ဂျီကျနေသည်။
"မဝတ်လို့မရဘူးလေ အငယ်ရဲ့ မမနဲ့အပြင်လိုက်ချင်ရင် အဲ့လိုဝတ်ရမယ်လေ ဒါမှ မမမောင်လေးက လူဆိုးတွေ အန္တရယ်က လုံခြုံမှာ ဝတ်ထားနော် မဟုတ်ရင်မမကထားခဲ့မှာ ရယ်"
နှင်းစက်ရဲ့ထားခဲ့မှာဆိုတဲ့ စကားကြောင့် ဆောင်းစက်မှာ ခြေမကိုင်မိလက်မကိုင်မိနဲ့ ငိုမဲ့မဲ့ဖြစ်သွားရှာသည်။
"ဟုတ်မမ ၀တ်မယ်နော် မမနဲ့သား ဘယ်တော့မှမခွဲဘူးနော် သားကိုတော့မထားခဲ့ပါနဲ့ မမကိုလည်း သားထားမသွားဘူးနော် "
နှင်းစက်က ဆောင်းစက်ရဲ့မျက်နှာလေးကို တယုတယကိုင်ပြီး ကျချင်နေသော မျက်ရည်ပေါက်လေးတွေကို သုတ်ပေးရှာသည်။
"ဒါပေါ့ မမမောင်လေးနဲ့ မမက ဘာလို့ခွဲရမှာလဲ အငယ်သာ မမကို ခွဲမသွားနဲ့"
"ဟုတ်ကဲ့ သားက မမလက်ကို အမြဲတွဲထားမှာ "
"ဒါဆို ...ငယ်လေး ကတိပေးနော်"
"ကတိ...ဟီးဟီး..."
နှင်းစက်က လက်သန်းလေးထိုးပေးတော့ ၊ဆောင်းစက်က သူ့လက်သန်းလေးနဲ့ချိတ်လို့ မျက်လုံးလေးတွေ ဝိုင်းသွားပြီး ရယ်ရယ်မောမောနဲ့ကတိပေးရှာသည်။မောင်နှမ နှစ်ယောက်ရဲ့ အပြုံးနဲ့ မျက်လုံးလေးတွေက မိတ္ထူကူးထားသလိုနှယ်။
ဒါပေမယ့် အဲ့ဒီနေ့မှာပဲ ဆောင်းစက်က သူ့ရဲ့ ကတိကို သူဖျက်ခဲ့တယ်မဟုတ်လား...။နောက်ဆုံးတော့ မီးတောထဲမှာ နှင်းစက်သာ ကျန်ခဲ့ရတယ်မဟုတ်လား ။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
Roman d'amourOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...