P-2

6.2K 617 17
                                    

​ကောင်မ​လေး​တွေ ​ဝိုင်းမှာ ဂီတာတစ်လက်နဲ့ အလုပ်ရှုပ်​နေတဲ့ မင်းလွင်ကို ကြည့်ပြီး ​ဆောင်းစက် ပြုံးမိသည်။
ဥစ္စာ​ပေါ ရုပ်​ချောသူ​​ဌေးသားက သူ့ coffeeဆိုင်​လေးမှာ shareစပ်တူထည့်ချင်​ကြောင်း ခွင့်​တောင်းပြီး၊ ဆိုင်မှာ​ဝေ​လေ​လေ လာလုပ်သည် ။

အမြတ်အစွန်းလည်း စိတ်မ၀င်စား ၊အလုပ်ကိစ္စလည်းစိတ်မ၀င်စား ။ သူစိတ်၀င်စားတာက ​သူ့ရဲ့ ခရီးသွား club၊ ခြေလျင်​တောင်တက်club ​ နဲ့ မိန်းက​လေး​ချော​ချော​တွေသာ။

သူ့အနားမိန်းက​လေး​တွေ ဝိုင်း​နေတာလည်းတစ်မျိုး​ကောင်းသည် ၊ ကိုယ့်လို gayတစ်​ယောက်နဲ့ အမြဲတတွဲတွဲဖြစ်​နေလဲ သူများ အထင် လွဲစရာမဖြစ်​တော့ ။အဓိက က သူ့ မိဘများ ​ပေါ့။

တခြား ဝိုင်း​တွေကို ကြည့်​တော့ ​weekday ​နေ့ခင်းဘက်မို့ အစဥ်အလာအတိုင်း လူတစ်​ယောက်စ ၊နှစ်​ယောက်စပဲရှိတယ်။

ဆိုင်က က​လေး နှစ်​ယောက်ကိုကြည့်​တော့ ​ညီစိုင်း က ​ကောင်တာမှာ ထိုင်ပြီး စာဖတ်​နေတယ်။ စာဖတ်​နေတယ်ဆိုလို့ ခုမှသတိရသည်၊ ညီစိုင်း က နိုင်ငံခြား scholar ရသွားလို့ အလုပ်ထွက်ဖို့​ပြောထားတယ်။ ကိုယ်ဆိုင်က က​လေး အလုပ်တစ်ဖက်နဲ့ ဒီလို​အောင်မြင်သွားတာ​ တွေ့​တော့၀မ်းသာရသည်။

ဒါဆို ​ငွေရှင်း​ကောင်တာမှာ ​နောက်ထက် လူလိုတယ်။ ​
ငွေရှင်း​ကောင်တာဆို​ပေမယ့် အားရင်အားသလိုအလုပ်၀င်လုပ်ရ​သေးတယ်။ ညီစိုင်းက မခိုမကပ်တတ်လို့ အလုပ်တွင်တွင် ကျယ်ကျယ်ပြီး​တယ်။ ​ ​နောက်​ခေါ်မယ့် လူက​ရောအဆင်​ပြေပါ့မလား။

ညီထက်က​တော့ အ​ဖျော်ဆရာ ၊ ဆရာ ကျတာမှ တကယ့်ဆရာ၊ ဆိုင်ကို လာထိုင်တဲ့လူ​တွေက သူ့ ​ဖျော်တဲ့ coffeဆို ဘာ​နေ​နေ အကုန်ကြိုက်ကြသည်။ ကိုယ်က​တော့ စီမံခန့်ခွဲလဲကိုယ်၊ waiterလဲကိုယ် ၊ မုန့်လုပ်လည်းကိုယ်၊ တစ်ခါတ​လေ ညီထက်မနိုင်ရင် Baristaလည်းဝင်လုပ်​ပေးရသည်။

ဒါ​ပေမယ့် ကိုယ့်တို့ The Coffee diary ဆိုင်​​လေးက စိတ်ငြိမ် ရပ်ကွက်​လေးထဲက ဆိုင်ခန်း​လေးတစ်ခန်းဆို​တော့ ၊လူ​တွေ ပျားပန်းခတ်​အောင်မလာ ။ပုံမှန် customer​တွေနဲ့ ​အေး​အေး​ဆေး​ဆေး datingလုပ်ချင်သူ​တွေ သာ ရှိတယ်။ပုံမှန်အားဖြင့်​တော့ မင်းလွင် သာ သူ့ clubကလူ​တွေ​ခေါ်မလာရင်၊ ည​နေခင်းပိုင်း​တွေမှသာ ဆိုင်မှာလူကျသည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now