"မား... Bye အထဲထိလိုက်မပို့ပါနဲ့ ကိုးဘာသာ သွားလိုက်ပါ့မယ် မားကို ချစ်တယ်နော်..."
ကိုးသူ့မားကို နှုတ်ဆက်ရင်း လှမ်းဖက်လိုက်သည်။
" အင်း ချစ်ရင် ဖယ်ပေးပါဦး မား ဦးမျိုးကို မှာစရာရှိတာမှာရအောင် "
"ဗျာ ဟုတ် "
8
" ဦးမျိုး အိမ်ကို စိတ်ချမယ်နော်
အလုပ်ကိစ္စကတော့ ဂျာရွှေ့ ကို မှာခဲ့တယ် ဦးမျိုးက သူလိုတာလေးတွေပဲ လုပ်ပေးလိုက်တကယ်လို့ အိမ်ဖုန်းကို တစ်ချို့တလေ ဆက်လာခဲ့ရင် နိုးဆီကိုပဲ လွှဲပေးနော် နောက်ပြီး"
နိုးစကားမပြတ်ခင် က်ုးက ၀င်မေးရသည်။
"မား ဘာတွေမှာနေတာလဲ"
နိုးက ကိုးကို ပြုံးပြ ပြီး ဦးမျိုးဘက်ကို ပြန်လှည့်ကာ
"ရပြီ အိတ်တွေထားခဲ့တော့ ဦးမျိုး နိုးတို့ကိုယ်တိုင်သယ်လိုက်တော့မယ် အိမ်ပဲပြန်လိုက်တော့"
"ဟုတ်ကဲ့"
"မား မားက ဦးမျိုးနဲ့အတူမပြန်သေးဘူးလား ဘယ်သွားဦးမလို့လဲ..."
"Oversea"
"Oversea မှာရိုက်ကူးရေးရှိလို့လား မား"
"အင်းပေါ့"
နိုးရဲ့စကားကိုကြားတော့ ကိုး မျက်ရည်လေးတွေ မျက်လုံးအိမ်ထဲမှာ ဝေ့တက်လာသည်။
ကိုးပြန်ရမယ့် နေ့တောင် မားက မအားနိုင်ဘူးပေါ့။
နိုးက ကိုးကိုခေါင်းလေးကိုပုတ်လို့ပြုံးသည်။
"ရိုက်ကူးရေးက Overseaမှာလေ သားတရားစီရင်ခန်းတဲ့ သိလားကိုးလေး"
"ဟင် ..."
"မင်း Daddy ကို မေမေ လိုက်ပြောမလို့ ကိုးလေး ကို မားကပဲ အပြီးသိမ်းပိုက်လိုက်တော့မယ်လို့ မကျေနပ်ရင် သူလည်း မြန်မာနိုင်ငံလာချင်လာ မလာလည်း နောက်မိန်းမယူလိုက်တော့လို့..."
နိုးရဲ့ စကားကိုကြားလိုက်တဲ့အချိန် ကိုးမှာ အပျော်ကြီး ပျော်သွားပြီး လူကြားထဲမှာ နှစ်ချက်လောက် shuffle Dance ဆွဲလိုက်သေးသည်။ အူမြူးမှု့လည်း အဆုံးသတ်ရော သူ့မား ခုနက ဘာပြောလိုက်မှန်ပင် မသိတော့ပေ။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...