"အဖေ အဖေ..."
သွေးအိုင်ထဲမှာလဲနေသော အခန်းထဲက အဖေကို၊တံခါးပေါက်မှာရပ်နေတဲ့ ဆောင်းစက်လေးက အလန့်တကြား အော်ခေါ်မိပါသည်။
အသက်၁၃ နှစ်အရွယ် ကောင်ငယ်လေးက ပတ်၀န်းကျင်အရိပ်အကဲ မခက်တတ်ဘဲ အော်မိတော့ အပေါက်၀မှာ ရပ်နေတဲ့ သူတို့ မောင်နှမ နှစ်ယောက်ကို အခန်းထဲက လူသတ်သမားက တွေ့သွားတယ်။
ဒီအချိန်မှာ အကြီးတစ်ယောက်အနေနဲ့ ဆုံးဖြတ်ရမှာက အမေ့ရဲ့ဆန္ဒအတိုင်း ၊အမေ့နှုတ်ရဲ့ လှုပ်ဆော်မှု့အတိုင်း အငယ်လေးကို ခေါ်ပြီးထွက်ပြေးဖို့ပါပဲ။
"ပြေးတော့ ကလေးတွေ...ပြေး"
သေတော့မယ့်အဖေတစ်ယောက်အနေနဲ့ နောက်ဆုံး လုပ်ပေးနိုင်တာက ကလေးတွေအနောက်ကို လိုက်မယ့် လူသတ်သမားကို ကိုယ်အသေခံ၊ ကိုယ့်အသက်နဲ့ရင်းပြီး အချိန်ကြာကြာ ဆွဲထားဖို့ပါပဲ။
ပြန်မလှည့်ကြည့်ဘဲ ပြေးထွက်လာခြင်းရဲ့နောက်ကွယ်မှာ ၁၃နှစ်အရွယ် ကောင်လေး တစ်ယောက်နဲ့ ၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက် တို့အတွက် ပြန်မရနိုင်မယ့် သူတို့အဖေရဲ့ မေတ္တာတွေ ကျန်ခဲ့တယ်...။ ပြန်မရှိနိုင်မယ့် သူတို့အဖေရဲ့ အနွေးဓါတ်တွေ ကျန်ခဲ့တယ် ။ ပြန်မတွေ့နိုင်မယ့် သူတို့အဖေရဲ့ ရုပ်ကလာပ် ဟာ အပြီးတိုင် ကျန်ခဲ့တယ်။
*********************
The Coffee Diary ရဲ့ မူမှာ စနေ တစ်ရက်တော့အမြဲပိတ်သည်။ Customerတွေအတွက်တော့ စိတ်ပျက်စရာ ဆိုပေမယ့် ဆိုင်က၀န်ထမ်းတွေအတွက်တော့ ကျေနပ်စရာဖြစ်သည်။ အမြဲလှုပ်ရှားမှုမရပ်ရင် လူဖြစ်ဖြစ် စက်ဖြစ်ဖြစ် ပျက်စီးဖို့လွယ်သည်မဟုတ်လား။ ဆောင်းစက်အနေနဲ့ ဒီလို အဖြစ်မျိုးတော့ဘယ်လိုမှအဖြစ်မခံနိုင်ပါ။ ပိုက်ဆံထက် အရေးကြီးတဲ့ အရာတွေ အများကြီးရှိတယ်မလား။
ဒါပေမယ့် ဒီနေ့အဖို့တော့ The Coffee Diary ရဲ့ လူနှစ်ယောက်နဲ့ စက်တစ်ချို့တော့ နားနိုင်မှာ မဟုတ်။ ဘာလို့ဆို ငှက်ကလေးတစ်ကောင်က လူကြီးတစ်ယောက်ဆီမှာ ချောကလပ်ကိတ်လုပ်နည်းသင်ချင်ပါတယ်တဲ့ ။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...