![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
မမတွေက ကိုးကိုပဲမေးကြလို့ ကြားဖြတ်မိတ်ဆက်လေး၀င်လိုက်တယ်။သူ့နာမည်ကကိုးတဲ့ ...
အသက်က ၁၇နှစ်
အမေက "နိုး " မြန်မာလူမျိုး မြန်မာနိုင်ငံက နိုင်ငံကျော်မင်းသမီး
အဖေကတော့ တရုတ်လူမျိုး ပေါ့။အမေက နိုင်ငံကျော်မင်းသမီးဂုဏ်ကို မစွန့်လွှတ်နိုင်တာမို့
ကိုးငယ်ငယ်တည်းက အဖေနဲ့အမေက တကွဲတပြား စီဖြစ်ပြီး၊ ကိုးက အဖေနဲ့ နေခဲ့ရတယ်။ ကိုးအတွက် ငွေကြေးဥစ္စာပစ္စည်းအရ ဘာမှ လိုလေသေးမရှိခဲ့ပေမယ့် ၊ မေတ္တာတော့လိုသား။ကိုးက ချစ်စရာမျက်နှာလေးပိုင်ထားတဲ့ ချစ်စရာကလေးလေးတစ်ယောက်။ သူ့မှာတော့ ထင်မှတ်မထားတဲ့ စရိုက်အစုံရှိသတဲ့ ။ တစ်ခုချင်းကတော့ ကြုံမှ လက်တွေ့ကြည့်ကြတော့။
ကိုး အစားအသောက်ချေးများတာကို သိကြတယ်မဟုတ်လား။ တကယ်တော့ အိမ်မှာဆို၊ သူနဲ့ရင်းနှီးတဲ့လူတွေနဲ့ဆို အဲ့ဒါထက်ပိုဆိုးသေး။အသန့်ကြိုက်တာလည်းလွန်ရော။အကြောက်ပေါင်းကလည်း တစ်ထောင်လောက်ရှိမယ်။ Phobia မှန်သမျှ သူ့မှာရှိတယ် ။ သိပ်လည်း နုယွသေးတာ။
ဆံပင်ကာလာကလည်း ခဏခဏchangeလို့Change၊ မ Change တာက နားက နားကပ်လေးရယ် ၊ ရယ်လိုက်ရင်ပေါ်ပေါ်လာတဲ့ သွားက စိန်ပွင့်လေးရယ်ပဲ။
သူ့အသက် ၁၅နှစ်ကျော်မှာ သူ့တို့နေထိုင်တဲ့ Ukက Ben Nevis တောင်ကို International က တောင်တက်သမားတွေအကုန်လုံး ချစ်ကြည်ရေး အနေနဲ့ တောင်လာတက်ကြတဲ့ ချစ်ကြည်ရေး တောင်တက်ဖိတ်ခေါ်ပွဲကို သဘောတကျ စောင့်ကြည့်ခဲ့တယ်။
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...