""ဒီလိုလေ အနောင်ရယ် The coffee diary's special weekဆိုတာက
The coffee diary ရဲ့ Birth weekလေ...
ဒီဆိုင်ကို ဒီဇင်ဘာ ၂၃မှာ ဖွင့်တာ အဲ့တော့ ၂၃၊၂၄၊၂၅ရက်ဆို Christmasရော ဆိုင်Birthdayရောပေါင်းပြီး Customersတွေကို Presentပေးတယ်
အဲ့တော့ Presentပေးဖို့အတွက် ၂၂ရက်နေ့တစ်ညမှာ ကိုယ်တို့တွေအတူတူပြင်ဆင် ကြရတယ် အိမ်မပြန်ကြဘူး
ပြီးရင် တော့ ကိုယ်တို့တွေ ခရီးရှည်ထွက်ကြတယ်ပေါ့ကွာ""
ညီထက် ရှင်းပြတာကို အနောင်က ခေါင်းတငြိမ့်ငြိမ့်နဲ့သာ တိတ်တဆိတ် နားထောင်သည်။
မဆီမဆိုင် အသံအကျယ်ကြီး ထွက်လာတာကတော့ သူတို့အားလုံး သတိမေ့နေတဲ့သူ...
"ဝေါင်း...မိုက်တယ်!"
အသံကြားရာကို သူတို့ အကုန်လှည့်ကြည့်မိတော့၊ မျက်လုံးလေးကို ဝိုင်း လို့ ၊သွားစွယ်မှ စိန်ပွင့်လေးက တလက်လက်နဲ့ အားပါးတရ ပြုံးဖြီးနေသော ကောင်ငယ်လေးက လက်ခုပ်တဖြောင်းဖြောင်းနဲ့ ကောင်းချီးပေးနေသည်။
ဆောင်းစက်က ထိုကောင်လေးကို အံသြဟန်နဲ့သဘောတကျကြည့်တယ်၊ ညီထက်ကတော့ အထူးအဆန်းလူသားလေးဆိုတဲ့ အမြင်နဲ့ကြည့်တယ်။
အနောင်ကတော့ မနိုင်စိန် ငယွလေး ကို အမြင်ကပ်နေတဲ့ စိတ်ကို မဖုံးဖိနိုင် မျက်လုံးအိမ်ထဲမှ ကြည်တောက်တောက်စူးရဲရဲအကြည့်တို့ကို ထောင့်တစ်ဖက်သို့ ကပ်ခါ မျက်ခုံးတစ်ဝက်ကို တွန့်ချိုး၍ကြည့်သည်။
မင်းလွင်ကတော့ ဘာလဲဟ ဆိုတဲ့ စကားလုံးကို အကြည့်တစ်ချက်နဲ့ပစ်လွှတ်သည်။
ထိုအခါမှ ရယ်ကျဲကျဲရုပ်လေးနဲ့ကိုးက လေစိမ်းတိုက်နေတဲ့ အကြည့် နှစ်ခုကို ရိပ်စားမိပြီး၊ ပြုံးထားသော နှုတ်ခမ်းနှစ်လွှာ အသာချလို့ လျှာလေးကိုထုတ်ကာ သွားလေးနဲ့ အနည်းငယ်အားပါပါကိုက်ချလိုက်သည်။ မျက်ခုံးလေးကလည်း အနည်းငယ် ပင့်လို့။
အနေရခက်ပုံ ဖြစ်သွားတဲ့ ကိုးကိုကြည့်မိပြီး ၊ ဆောင်းစက်က ခပ်ပြုံးပြုံးလေးနဲ့ အခြေအနေ၀င်ထိန်းပေးသည်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomansaOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...