P-18

2.4K 377 31
                                    


Sundayမို့​ကျောင်းသွားစရာမလိုတဲ့ အ​နောင်က
ဆိုင်ဖွင့်ဖို့ မနက်​စော​စောထပြီးတက်တက် ကြွကြွ ပြင်ဆင်​နေ​လေရဲ့...

​သောကြာ​နေ့က ဆောင်းစက်​   International songs  ​တွေကိုသာ ဒီ​နေ့အတွက် playlist လုပ်ထားခဲ့တာ​ကြောင့်

အ​နောင်နား​ထောင်​နေရတဲ့သီချင်း​တွေက

All I want for Christmas is you.
Last Christmas.
Mistletoe.
Christmas love.
Christmas eve.h
Christmas tree farm.

အကုန် christmas theme သီချင်း​တွေကြီးဖြစ်​နေသည်။ ဖြစ်မှာ​ပေါ့ Christmasက  ဒီတစ်ပတ်ပဲ​လေ...။

အ​နောင်​ ​ဆောင်းရာသီကို တကယ်သ​ဘောကျပါ၏။
​ဆောင်းရာသီမှာ International  ​နေ့ကြီး​နေ့​ကောင်း​တွေရှိ​နေသလို ၊မြန်မာနိုင်ငံမှာလည်း တန်​ဆောင်မုန်း ၊နတ်​တော်၊ ပြာသို၊တပိုတွဲ စတဲ့လအလိုက် ​နေ့ထူး​နေ့မြတ်​တွေအများကြီးရှိတယ်မဟုတ်လား ။

​ဆောင်းရာသီက ​အေးလဲ​အေးချမ်းသလို ​ခြောက်လည်း ​ခြောက်​သွေ့တယ်။ ဒီလို​တွေးမိ​တော့လည်း ​ဆောင်းရာသီမှာ ​မွေးတဲ့ ဟိုလူကိုသတိရမိတယ် ။ ​ဆောင်းစက်ဆိုတဲ့သူဟာလည်း ​​ဆောင်းရာသီလိုပဲ ​အေးလဲ​အေးချမ်းတယ် တိတ်ဆိတ်ငြိမ်သက်ပြီး ​ခြောက်​သွေ့တယ်။ ​

ဆောင်းရာသီမှာ မ​ကောင်းတာက​တော့ ဒဏ်ရာတစ်ခုခုရရင်အနာရင်းတတ်တာနဲ့။ ​ဆောင်းတွင်းအိမ်မက်ဂ​ယောက် ဂယက် ဆိုတဲ့အတိုင်း...အ​ရေးမပါတဲ့ အိမ်မက်​တွေမက်တတ်တာပဲ။

ဟိုလူက​ရော ဒီအချင်းအရာနဲ့​ရောတူ​ ​နေ​သေးလား... ဟက်။အ​နောင် သူ့အ​တွေးကို ​ သူပြန်ရယ်မိသည်။ ဘာမဆိုင်ညာမဆိုင်နဲ့ သူအ​ကြောင်းက ဘာလို့ အ​တွေးထဲပါလာမှန်းမသိ။

ကိုစိုင်း အလုပ်မထွက်ခင်က ​ပြောခဲ့တဲ့စကားကမှန်တယ်ထင်သည်။ ဘာတဲ့ ကို​ဆောင်းစက်က ညှို့နိုင်လွန်းတယ်တဲ့။ ကို​ဆောင်းစက်က တကူးတက ဘားမှလုပ်လိုက်စရာမလိုပါဘဲနဲ့   ကျွန်​တော်တို့အ​ပေါ်  လွှမ်းမိုးနိုင်တယ်တဲ့ ။ အဲ့ဒီတုန်းက​တော့ "ဖြစ်ရ​သေး" ဟု မယုံနိုင်ဖြစ်ခဲ့ရပါ​သေးသည်။  အခု​တော့ ကိုယ်ဒီလို​တွေးမိ​နေတာက ၊ထိုစကားမှန်​နေလို့ ဖြစ်ပါလိမ့်မည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now