"Hello"
" ဟာ အကို၀င်းလွင် လာလေ"
ဆောင်းစက်က ၀င်းလွင်ကို ရယ်ပြုံးပြီးနှုတ်ဆက်လိုက်သော်လည်း မျက်၀န်းတွေထဲမှာတော့ စိုးရိမ်စိတ်အနည်းငယ်ပေါ်သွားတာကို ၀င်းလွင် တွေ့လိုက်ရတယ်။၀င်းလွင်က မျက်လုံးကို အသာမှိတ်လို့ ပြုံးပြရင်း အေးအေးဆေးဆေး အထာနဲ့ ဆောင်းစက်ဘေး၀င်ထိုင်တော့ လင်းထက်က ညီထက်ဘေးကို ၀င်ထိုင်သည်။
"မင်းလွင်ရော..."
"ပြန်သွားလေရဲ့"
"အမယ် အစောကြီးပါလား အိမ်တော့ ၁၁နာရီ ၁၂နာရီမှပြန်လာပြီး ဆိုင်ကကျ အစောကြီးလစ်ထွက်တယ်ပေါ့"
၀င်းလွင် စကားလည်းပြောရင်း တွေတဲ့Diary စာအုပ်ကို ကောက်ကိုင်လို့ ဖတ်တယ်။လင်းထက်ကတော့ ဆောင်းစက်ကိုသာကြည့်လို့ ။ အနောင့်မှာ တော့ စာအုပ်ထဲစိတ်မရောက်တော့။
"သူက အဲ့လောက် ညနက်ထိအပြင်မှာနေတယ်လား အကို၀င်းလွင်"
"အဲ့ထက်တောင် ညနက်သေး"
၀င်းလွင်ပြောရင်းဆိုရင်းစာအုပ်ကိုဆက်ဖတ်နေသည်။
"Coffee အရသာကို ပိုပေါ်လွင်ချင်ရင်
လူချောတွေရှိတဲ့အရပ်မှာသောက်အရက်အရသာကို ပိုပေါ်လွင်ချင်ရင်
လူပေါတွေရှိတဲ့အရပ်မှာ သောက်Coffee ဆိုင်သွားရင် ရည်းစားခေါ်
အရက်ဆိုင်သွားရင် ဒကာခေါ်ဟဲဟဲ ပညာရှိသုခမိန် နိုင် ..."
"ဟား..ဟား ဒီလိုတွေလည်း ရေးကြတယ်လား"
"အဲ့တာထက် ရယ်ရတာတွေလည်းရေးကြသေးတယ်"
ဝင်းလွင် ထရယ်တော့ ဘာကြောင့်မှန်း သဘောပေါက်တဲ့ ဆောင်းစက်က သူဖတ်နေတဲ့ စာကို ၀င်းလွင်ကို လှမ်းပြသည်။
"ရှင်သာကျွန်မယောကျာ်းဆိုရင် ရှင့် coffee ခွက်ထဲ ကျွန်မအဆိပ်ထည့်လိုက်ပြီ
ငါသာ မင်းယောကျာ်းဆိုရင် မင်းမပြောခင်ထဲက အဲ့coffeeခွက်ကို ငါသောက်ပြီးသွားပြီ"
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
Lãng mạnOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...