အနောင့်ပုံလေး...
****
ဒီနေ့က The coffee Diary ဆိုင်ရဲ့ လက်ဆောင်ပေးတဲ့ နောက်ဆုံးနေ့ မို့ထင်သည် customerတွေ တော်တော်များများလာကြသည်။
လာသမျှcustomerတိုင်းကို christmas present ပေးသလို ။Diary စာ အုပ်ထဲမှာ စာရေးထားတဲ့ လူတိုင်းအတွက် လည်း သီးသန့် လက်ဆောင်လေးတွေ လုပ်ထားပေးသည်။ pen name တွေနဲ့ရေးထားတဲ့ လူအဖို့ pen nameနဲ့ လက်ဆောင်ထုပ်ပေးထားပြီး ။ pen name မပါတဲ့ လူအဖို့တော့ Diary စာအုပ်နာမည်လေးတွေနဲ့ presentလုပ်ပေးထားသည်။
ဒီဆိုင်ရဲ့ အလေ့အထကို သိတဲ့ စားသုံးသူ ၊စာရေးသူလေးတွေကတော့ တကူးတကကို လာထုတ်ကြသည်။
မထုတ်ဘဲကျန်တာဆိုလို့ လက်ဆောင် အိတ် ၂အိတ်သာ ရှိတော့သည်။
တစ်အိတ်က နာမည်တပ်ထားတာကတော့ From Coffee Diary to Nyi lay(ညီလေး) လို့တပ်ထားသည်။
ညီလေးဆိုတာ မင်းလွင်ဖတ်နေကျ ကပ်ပူချီနို Diary စာအုပ်ထဲမှာ စာတွေရေးတတ်တဲ့ အကိုကြီးတစ်ယောက်ကိုflirtနေတဲ့ ကောင်လေးအတွက်ဖြစ်သည်။ဒီကောင်လေး ကဘယ်သူ့ဆီရေးမှန်းမသိပေမယ့် ဒီစာအုပ်က မင်းလွင်ဖတ်နေကြဆိုတော့ ၊ မင်းလွင်ကပဲ ဒီcustomerလေးအတွက် လက်ဆောင်ပြင်ပေးခဲ့သည်။ မ နေ့ကထိ အဲ့ဒီကောင်လေးက စာရေးခဲ့သေး များများစားစားရေးခဲ့တာတော့ မဟုတ်ဘူး ဘာတဲ့
" With you, shawty with you
With you, shawty with you
With you, under the mistletoe....I wanna wish you a merry Christmas
I wanna wish you a merry Christmas
I wanna wish you a merry Christmas
From the bottom of my heart "Mistletoe နဲ့ Feliz navidad သီချင်း နှစ်ပုဒ်ကို ရောပြီးရေးသွားခဲ့ခြင်းပါ။ အောက်မှာတော့ စာလေးတစ်ကြောင်း ပါသည် ။ မနက်ဖြန် လက်ဆောင်ကို သေသေချာချာလာယူပါမယ်တဲ့ ။ ဒါပေမယ့် အခုအထိ လာမယူသေး။ မင်းလွင် ကတော့ လာယူစေချင်ပါသည် ။ ဘယ်လိုကောင်လေးများ ဖြစ်မလဲလို့သိချင်တာကတစ်ကြောင်း။ သူလာရင် အနည်းဆုံးတော့ သူကြိုက်တဲ့လူ ဘယ်သူလဲဆို တာ ခန့်မှန်းနိုင်မည်က တစ်ကြောင်းကြောင့်မို ဒီလက်ဆောင်အိတ်လေးရဲ့ ပိုင်ရှင်ကို တကယ်ပဲလာယူစေချင်ပါသည်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomantikOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...