"ငါ Company မှာဆက်မလုပ်နိုင်ဘူး အနောင်"
"ဘာလို့လဲ"
"အကြောင်းပြချက်မရှိဘူး"
ကော်ဖီဝိုင်းမှ ထထွက်သွားတော့မယ့် လင်းထက်လက်ကို အနောင်က ဖမ်းဆွဲထားလိုက်တယ်။
"အစ်ကို လင်းထက် ဒီလိုပြောရတာ ကျွန်တော်တစ်ကိုယ်ကောင်းဆန်မယ်ထင်တယ် အစ်ကို ကျွန်တော့်ရဲ့ အစ်ကိုအကြီးဖြစ်ပေးနိုင်မလား..."
အနောင့်စကား ကိုကြားတော့ လင်းထက် တအံ့တသြနှင့် ပြန်လှည့်ကြည့်မိသည်။
"အစ်ကို့ အတွက် အဆင်မပြေနေဘူး ဆိုတာ သိပေမယ့်၊ ကျွန်တော့်ကို မုန်းနေမယ်ဆိုတာ သိပေမယ့် ၊
၊ အဖေနဲ့ အစ်ကို့အမေရဲ့ သားကြီးအဖြစ် ကျွန်တော်တို့မိသားစုလေးမှာ ဦးဆောင်စေချင်တယ် "အနောင် လင်းထက်နဲ့စကားပြောနေရာကနေ ဆောင်းစက်ကို တစ်ချက် လှမ်းကြည့်ရင်း
"အစ်ကို အနေရခက်စေမယ်ဆို ကျွန်တော် ..."
" မင်းရော ငါ့ကို မမုန်းဘူးလား အရင်က မျက်နှာချင်းတောင်မဆိုင်တဲ့လူက အခုမှ အကိုကြီးတဲ့လား ၊ မင်းအဖေကရော ငါ့ကို သားလို့တွေးရဲ့လား၊မလိုပါဘူး ငါကလည်း သူ့ကို အဖေလို့တွေးမှာမဟုတ်လို့ "
"မာနတွေမထားပါနဲ့ကွာ ... ဆောင်းစက်လဲ ပျော်ရွှင်ဖို့ထိုက်တန်သလို ၊မင်းလဲပျော်ရွင်ဖို့ထိုက်တန်တဲ့လူပါ"
လင်းထက်စကားအဆုံး မှာ စကား၀ိုင်းကို ရောက်လာတဲ့၀င်းလွင်းက လင်းထက်ပခုံးကိုဖက်လို့ဆိုတယ်။
"မင်းရော သူများအတွက်နဲ့ တစ်ချိန်လုံး ဘယ်လောက်ပင်ပန်းခဲ့ရလဲ ၊ အခု မင်းအတွက်ပဲ မင်းကြည့်ပါတော့ ၊ ငါအခုပြောတာက မင်းတို့မိသားစုအရေးမပါဘူးနော် ၊
မင်းတစ်ယောက်တည်းအတွက်ပြောတာ ၊ အရင်ကလည်း မင်းမှာ သူများ၀န်ကို ထမ်းထားခဲ့ရတာမဟုတ်လား၊ အခုလည်း မင်း မာန၀န်ကို မင်းမထမ်းပါနဲ့တော့ ၊ နှလုံးသားအပေါ်ကို ရိုးသားလိုက်စမ်းပါ။မင်း အမေနဲ့ မင်း အေးအေးဆေးဆေး ပဲ နေတော့မယ်ဆိုလဲ ငါမတားပါဘူး။ ဒါပေမယ့် မာနကြောင့်နဲ့တော့ မိသားစုတစ်စုကို လက်မလွှတ်ပါနဲ့ ။ လူဆိုတာ တစ်ချိန်တော့ အကုန် သေရမှာပဲ မလား ။ မသေခင် လူတိုင်းနဲ့ အဆင်ပြေ အေးချမ်းနေတော့ မကောင်းဘူးလား ။ နောက်ပြီး တခြားလူတွေမဟုတ်ဘူးနော် မင်းကို လူ့လောကရောက်အောင် ခေါ်ပေးခဲ့တဲ့ မင်းအဖေ။
ကဲပါ ကျန်တာမင်းပဲ စဥ်းစား ။ အနောင် သူနဲ့စကားပြောလို့ပြီးပြီ မလား ။ အစ်ကို သူ့ကို ခေါ်သွားလိုက်တော့မယ်နော်"
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomansaOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...