"Want a pen for The Coffee Diary"
လက်တစ်ဖက်နဲ့ ဆိုင်တံခါးတွန်းဖွင့်ဝင်တော့ တွေ့လိုက်ရတဲ့ ကျောက်သင်ပုန်းပေါ်က စာကြောင့် ဆောင်းစက်ပြုံးမိတယ်၊ ညီစိုင်း က သူ့စိတ်ကို သိတယ်။
~~~~
ဆောင်းစက်က ဆိုင်မှာ ဝန်ထမ်း သိပ်မထားချင်ဘူး ။ထားတဲ့လူကိုလည်း ဝန်ထမ်းသဘောမျိုးမဟုတ်မိသားစုလိုမျိုးဆက်ဆံတယ်။ လစာကလည်း ဘယ် ကော်ဖီဆိုင် ဘယ်စားသောက်ဆိုင်မှ မပေးတဲ့အနေအထားမျိုးလောက်ကိုပေးတယ်။တစ်ဦးစေတနာ တစ်ဦးမှာဆိုသလို ၆နှစ်အတွင်း ခန့်ခဲ့တဲ့ဝန်ထမ်းတွေကလည်း အကြောင်းအမျိုးမျိုးကြောင့်သာ အလုပ်ထွက်ကြရတယ်၊ လစာထက်ပိုတဲ့စေတနာတွေနဲ့ အလုပ်လုပ်ခဲ့ကြတယ်။
ဒါကြောင့် ဝန်ထမ်းဆို သူအပြင်လူမခေါ်ချင် ၊ ဆိုင်အကြောင်းသိတဲ့သူ ၊ဆိုင်ကိုလာဖူးတဲ့ သူ ၊ဆိုင်ကိုစိတ်၀င်စားပြီး ဒီဆိုင်မှာအလုပ်လုပ်ချင်တဲ့လူကိုပဲ ခေါ်ချင်တာမို့ ဆိုင်လေးထဲမှာပဲ အလုပ်ခေါ်စာ ထားဖြစ်သည်။
~~~
ဆောင်းစက် ကမင်းလွင်ထိုင်နေတဲ့ စားပွဲမှာ၀င်ထိုင်လိုက်တယ် ။ညီထက်လည်း ၀ိုင်းတစ်၀ိုင်းကို ကော်ဖီချပေးပြီး ဆောင်းစက် လက်ကိုမြင်တော့ သူတို့ဝိုင်းဆီ လာထိုင်ရင်း အကျိုးအကြောင်းမေးတော့ ဆောင်းစက်ကရှင်းပြရတယ်။
~~~~~~
အနောင် ကော်ဖီဆိုင်လေးထဲဝင်တော့ တွေ့ရတဲ့ဆိုင် အပြင်အဆင်က ထူးဆန်းတဲ့အထဲပါတယ်။ ကော်ဖီဆိုင် အလယ်မှာ ဘာစားပွဲဝိုင်းမှမရှိဘဲ ကျောင်းစာသင်ခန်းထဲက စားပွဲခုံစောင်း ရှည်နှစ်လုံးကို မျက်နှာချင်းဆိုင်ထားပြီး ခုံရဲ့ အံ့တွေထဲမှာ ကျောက်သင်ပုန်းနဲ့ကျောက်တံတွေ ၊ စာအုပ်တွေ တွေ့ရတယ် ။ ခုံပေါ်မှာတော့ အနက်ရောင်သားရေဖုံးထားတဲ့ စာအုပ် တိုင်းမှာ The Diaryခေါင်းစဥ်နဲ့ အောက်မှာတော့
Espresso (အက်စ်ပရက်ဆို)၊
Americano (အမေရိကာနို)၊
Café Latte (ကဖေးလာ့တီး)၊
Cappuccino (ကပ်ပူချီနို)၊
Café Mocha (ကဖေး မိုခါး)၊
Irish Coffee (အိုင်းရစ်ရှ် ကော်ဖီ)၊
Black Coffee (ဘလက် ကော်ဖီ) ဆိုပြီး ရွှေရောင်စာလုံးတွေနဲ့ ၊ကော်ဖီအမျိုးအစားအလိုက်ခွဲထားတဲ့ Diaryစာအုပ်တွေနဲ့ ဘောပင်တွေထည့်ထားတဲ့ ခြင်းလေးတစ်ခြင်းတွေ့ရတယ်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
Lãng mạnOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...