"ကဲ ကလေး ပြင်ဆင်တာတွေအဲ့လောက်နဲ့ရပ်လို့ရပြီ ဒီနေ့ အကိုတို့ချယ်ရီသီး ချောကလပ် ကိတ်လေးလုပ်ကြမယ်"
ဆောင်းစက်အပြောကို အနောင်က ခေါင်းတစ်ချက်သာ ညိမ့်ပြတယ်။
"ပထမဆုံး အဓိကပါ၀င်ပစ္စည်းတွေက ချယ်ရီသီး၊ ရမ်အရက် ဒါမှမဟုတ် ဘရန်ဒီပန်းကန်လုံးလေးတစ်လုံးလောက်၊ချိစ်၊ ချောကလပ် ၊ဒါတွေက mainပေါ့ ပုံမှန်ကတော့ တခြားကိတ်တွေလိုပဲ ဂျုံ သကြား၊ထောပတ်၊ခရင်၊ရေ၊ တွေပေါ့"
အသံသြဇာရှိပေမယ့် ဂရုဏာသံစွက်ပြီး အေးဆေးတဲ့ လေသံက ခါတိုင်းအချိန်ဆိုရင်တော့ ပျားရည်လို နား၀င်ချိုပေမယ့် ၊ အခုမှာတော့ တိကျပြတ်သားပြီး အနည်းငယ် ဆရာဂိုဏ်း၀င်နေတဲ့ အသံဖြစ်သွားတာမို့ ဆောင်းစက်ကို အနောင်မသိမသာ တစ်ချက်ကြည့်လိုက် မိပါသည်။
အသံပြောင်းသွားသလို တစ်ချိန်တည်းမှာပဲ ဘိုးတော်ပြုံးမျက်နှာမှာလည်း သွားဖြူဖြူပိစိလေးတွေ မြင်ရအောင် ပြုံးမနေတော့။ ဒါပေမယ့် ပြုံးရိပ်တော့သန်းနေပါသေးသည်။
အနောင် ဆောင်းစက်ပြောတဲ့ ingredientsတွေကို အစုံအလင် စုပြီး ရှေ့မှာစီထားလိုက်သည်။ဆောင်းစက်ကတော့ အသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းတစ်ချက်ညိမ့်ပြီး
"စမယ်နော်"
"ပုံမှန်ဆို ချယ်ရီသီး၊ရမ် နဲ့ သကြားတွေကို တစ်နာရီလောက်စိမ်ရတယ် အခုကြိုမစိမ်ထားတော့ တခြားမုန့်လုပ်ရင်းသူ့ကိုစိမ်ထားလိုက်နော်"
"Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ အပူပေးထား"
" ကြက်ဥ အကာနဲ့ အနှစ်တွေကို သပ်သပ်စီခွဲထား"
" ကြက်ဥအကာကို သကြားပန်းကန်လုံးတစ်လုံးစာကို အကုန်မထည့်ဘဲ တစ်ဝက်ထည့်ပြီး မွှေစက်နဲ့မွှေ"
"ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ကြက်ဥအနှစ်နဲ့ တစ်ဝက်ကျန်တဲ့သကြားတွေကို မွှေခလောက်ပေးလိုက်"
အနောင်က ဆောင်းစက်ပြောသမျှကို ဂရုတစ်စိုက် လိုက်လုပ်နေရှာသည်။
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...