အနောင် ကျောင်းကပြန်လာတော့ ဆိုင်ကို စဝင်ဝင်ချင်း တွေ့လိုက်ရတာက ကိုး... ။ ကိုး တစ်ယောက်ထဲထိုင်နေပြီး၊ အကိုမင်းလွင်က သူ့ကို ကော်ဖီလာချပေးနေသည် ။ ဒီကောင်လေးလဲ ကျောင်းကပြန်လာတာထင်သည် ။ ရှပ်အကျီ အဖြူရောင် ကို အောက်က ကာကီရောင် ကော်တွန်သား ဘောင်းဘီရှည်နှင့် ။ရင်ဘက်က ကျောင်းတံဆိပ် ရင်ထိုးတောင် တောင်မဖြုတ်ရသေး ။ The High Way Academe တဲ့။
ဒီကောင်လေး အချိန်ကိုမှန်နေတာပဲ ဒီနေ့ရော ဘယ်လိုစာတွေနဲ့ ဘယ်လို မြူစွယ်ဦးမလဲမသိဘူး ။
ဒါပေမယ့် ဒါက သူ့ အတွေးသပ်သပ် မဟုတ်လား။
တကယ်ဆို ဒီကောင်လေးက ဘယ်သူ့ဆီကို စာရေးပါတယ်လို့ နာမည်တပ်ထားတာလဲမဟုတ်ဘဲနဲ့ ။သူကဘာလို့ ဘိုးတော်ပြုံးကို ရေးတာပါလို့ တစ်ဖက်သတ် သေချာနေရတာလဲ။ အဖြေကရှင်းပါတယ် ဘိုးတော်ပြုံး ရဲ့ အပြုံးအပေါ်ကို သူလည်း ဟိုကောင်လေးရေးထားသလိုမျိုး ခံစားချက်နဲ့ ထပ်တူ ခံစားမိလို့မဟုတ်လား။"အကိုတစ်ခါပြုံးတိုင်း၊ ညီ့ရင်ထဲ အချစ် ကြယ်တစ်ခါ ကြွေတယ် "
"အာ..." မဟုတ်ပါဘူး ငါ သူပြုံးနေတာကို မကြိုက်ပါဘူး။ ဒီလို ဖြေသိမ့်လိုက်တော့ သူ့အာရုံထဲ ၀င်လာတဲ့ နောက်ထပ် စာကြောင်း တစ်ကြောင်း ...
"မပြုံးလို့တော့ မကြွေဘူးမထင်နဲ့ ကောင်းကင်ပါပြိုတယ်..."
"ဘုရားးး"
အနောင် စိတ်ထဲမှာ တိတ်တဆိတ် ဘုရား တရား မြဲသွားမိတယ်။ အနောင် ခေါင်းတခါခါနဲ့ သူ့အတွေးတွေကို သူဖယ်ထုတ်ရင်း ၊ ကိုထိုင်နေတဲ့ဝိုင်းကို ကျော်တက်လိုက်တော့ နောက်တစ်၀ိုင်းကလည်း အနောင့်အတွက် မျက်စိဆံပင်မွှေးစူးစရာဖြစ်နေသည်။
အမျိုးသမီးငယ်များ က ၄ယောက်စာနေရာသာ ရှိတဲ့ ခုံဝိုင်းမှာ ပုံစံမကျ စုထိုင်နေတာ ၆ယောက်လောက် ရှိသည်။ ထို ၆ယောက်သော မိန်းမလေးများရဲ့ တီးတိုးစကားသံက အနီးသို့ ကပ်လာသော သူ၏နားထဲသို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးဝင်ရောက် လာသည်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...