"ဘယ်လို..."
၀င်းလွင်အမေးစကားကို လင်းထက်က မဖြေဘဲအဝေးကိုသာငေးကြည့်နေသည်။ ၀င်းလွင်ကလည်း မဖြေချင်သောစကားကိုဆက်မမေးတော့ပါ။သူငယ်ချင်းနှစ်ယောက် သောက်လက်စကို အပြတ်ဖြတ်ပြီးသာ ကိုယ်စီပြန်ခဲ့ကြသည်။
အိမ်အပြန်လမ်းမှာတော့ လင်းထက်ဟာ ရုပ်နဲ့နာမ်ကွာဟလို့ အတိတ်တွေဆီ ခရီးနှင်လေသည်။
ကျောင်း၀န်းထဲမှာ တစ်ယောက်တည်းထိုင်ငိုနေတဲ့ ကလေးလေးတစ်ယောက်ဆီ ၀င်းလွင်နဲ့ လင်းထက် လျှောက်လာခဲ့သည်။
ဘာလို့ငိုနေလဲမေးတော့ ။သူ့အစ်မဆီသွားချင်လို့တဲ့ အစ်မက ဘယ်အတန်းကလဲမေးတော့။ ၈တန်းပါတဲ့။ ၈တန်းဆို လင်းထက်တို့နဲ့ အတန်းတူတာမို့ နာမည်မေးကြည့်တော့ နှင်းစက်မာန်တဲ့ ။ကျောင်းသူသစ်မို့ သေချာမသိပေမယ့် နာမည်တော့ကြားဖူးသည်။ ၀င်းလွင်ကတော့ပြောသည် အခန်း တူတယ်တဲ့။
သူ့ကိုမေးတော့ ၅တန်းဆိုပဲ။ ၅တန်းသာဆိုတယ် လူကကျ သနပ်ခါးလေးအဖွေးသားနဲ့ ငိုနေပုံလေးကလည်း မလှုပ်တလှုပ် လေးနဲ့ သူငယ်တန်းလေးကျလို့။ ချစ်စရာကလေးလေးကို လင်းထက်နဲ့ ၀င်းလွင်က အခန်းထဲခေါ်ခဲ့သည်။ သူ့အစ်မ နှင်းစက်မာန်ကို တွေ့တော့ ပြေးတာလေးများ လှုပ်တုတ်တုတ်နဲ့ လုံးလုံးလေး။ အဲ့ဒီနေ့က စလို့ နှင်းစက်မာန်တို့မောင်နှမနဲ့ လင်းထက်၊ ၀င်းလွင်တို့ သူငယ်ချင်းဖြစ်ခဲ့ကြသည်။
အဲ့ဒီ့နေ့က လင်းထက် ၁ယောက် ၀င်းလွင်ကို တတွတ်တွတ်ပြောခဲ့တာကတော့ ကလေးလေးက မျက်လုံးညိုညိုလေးတွေနဲ့ ချစ်စရာကောင်းလိုက်တာတဲ့။အပြုံးလေးတွေက နတ်သားလေးအတိုင်းပဲတဲ့။
အချိန်၂နှစ်ကျော်ကြာခဲ့ပြီးတော့ ဆောင်းစက်က ကလေးလေးလို မဟုတ်တော့ပေမယ့်။ ချစ်စရာလေးတော့ ဖြစ်နေခဲ့သေးသည်။ နှင်းစက်ကတော့ လှသွေးကြွယ်လို့ပေါ့။ ဆယ်တန်းစတက်ရမယ့် အချိန်ကိုရောက်တော့ မြီးကောင်ပေါက်သဘာ၀အတိုင်း ချစ်ရေးကြိုက်ရေးက စိတ်ထဲ၀င်လာကြသည်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...