"ကဲ ဒီနေ့ရဲ့ menu က ကရင်ပြည်နယ်ရဲ့သက်သတ်လွတ်ဟင်းပါတဲ့ဗျာ "
ဟင်းခွက်တွေချတော့ အသားတုကိုအထူးပြုထားတဲ့ ဟင်းချက်နဲ့ သီးစုံ ပဲဟင်း ရယ်၊ငရုတ်သီးကြော် ရယ်ပေါ့ ။မင်းလွင်က ခရီးသွားနေကြမို့ ဒေသအစားအသောက်တွေက သူ့အတွက် တော့ အိမ်ချက်ပဲ။
ဆောင်းစက်နဲ့ ညီထက်ကတော့ အခြေအနေနဲ့အလိုက်နေထိုင်စားသောက်တတ်ပါရဲ့ ၊ အနောင်နဲ့ ကိုးကတော့ မလှုပ်မရှက်သာ..."ကလေး...မစားတတ်ဘူးလား.."
"ဟင်...ရပါတယ်...စားတတ်ပါတယ်" ဆောင်းစက်ပြောတော့မှ အနောင်လည်း ပါးစပ်ထဲကို ထမင်းလုပ် အပြည့်ထည့်ကာ ဝါးတော့သည်။ သူကအခုအချိန် သူဌေးသားမှမဟုတ်တော့တာပဲ။ ဘာကို ချေးများနေရမှာလဲ ။
ကိုးကတော့ မျက်ရည်လေး တစမ်းစမ်း ...နှင့်။ ဟင်းမကောင်းရင် မစားတတ်လို့ မျက်ရည်၀ဲတယ်သာ သူများတွေ သိရင် ဘယ်လောက်ရယ်လိုက်ကြမလဲ ။ ဒါပေမယ့်လဲ မသိဘူး ဗိုက်မပြည့်ရင် ငိုချင်တယ် ။ ဗိုက်ဆာတုန်း ဟင်းမကောင်းရင် ပိုလို့တောင် ငိုချင်သေးတယ်။
" ကိုးရော ဘာဖြစ်နေတာလဲ စားလေ"
ကိုးတစ်ယောက်ခေါင်းကြီး အောက်ငိုက်ပြီး ပြန်မမက်လာ ထမင်းလုပ်လဲ ပါးစပ်ထဲမရောက်မို့ ဆောင်းစက်ကမေးတော့ အောင်မလေး တွေ့လိုက်ရတာက မိုးရေပေါက် ထက်တောင် ကြီးဦးမယ့် မျက်ရည်ပေါက်ကြီး...။"ဟေ ဘာဖြစ်တာလဲခွေးပေါက်"
"ဘာဖြစ်လို့လဲ ကိုး...""ဟင့် ဘားမှမဖြစ်ပါဘူး..."ဘားမှမဖြစ်ပါဘူးသာဆိုတယ် နှာရည်ကို ရှုံ့ သွင်းလိုက်သေးသည်။
"ဟေ့ခွေးပေါက် ဘားမှမဖြစ်ရင် ဘာလို့မျက်ရည်ကျနေတာတုန်း"
"ကိုး... လေ...ကိုး..."
"ဒီဟင်းနဲ့ ထမင်းမစားနိုင်လို့လား..."
ဆောင်းစက်ကမေးတော့ အပြောရခက်နေတဲ့ကိုး ခေါင်းလေးသာ ညိတ်ပြသည်။ သေချာတယ် ဟိုလူကြီးက ဆူတော့မည်။ ကိုယ့်ဘာသာ လျှာရှည်ပြီး လိုက်လာပြီး အခုကျမှ နုရွပြနေတဲ့ ကိုယ့်ကိုယ်ကိုယ် လည်း ဒေါသထွက်မိသည်။
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
Lãng mạnOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...