"အာ sorry ညီမလေး..."
ဆောင်းစက်မှာ ပြာပြာသလဲ တောင်းပန်တော့ ၊ ခေသူမဟုတ်လေးများက ...ပွဲခံတော့သည်။
"အဲဒီလို တောင်းပန် ရုံလောက်နဲ့ ရရောလား ဒီမှာ ပူသွားတာ လူအသားနော် ဘယ်နဲ့ အလုပ်လုပ်တာကလည်း နမော်နမဲ့နဲ့ "
"အညိုရယ် ...သူက နမော်နမဲ့မဟုတ်ပါဘူး နင်က သူ့လက်သွားကိုင်တာကို နင်မသိဘူးလား Gay တွေ က မိန်းကလေးတွေ အသားကို ထိရမာ သေလောက်အောင်ကြောက်တယ်တဲ့ ဘာလို့လဲသိလား ..."
နောက်တစ်ယောက်က အသံကျယ် ကျယ်နဲ့ တစ်ဆိုင်လုံးကြားအောင် အော်ပြောနေတော့ တစ်ယောက်ကလည်း ရောင်းသူ၀ယ်သူအသံတူ လုပ်လေသည်။
"ဘာလို့လဲ"
"ဘာလို့ရမှာလဲ အတုတွေ ကအစစ်ကို ကြောက်တာလေမသိဘူးလား... အဲ့အငုံစိတ်လေးကရှိနေတော့လေ...သိလား...ရှက်ရွံ့မှုလေးတော့ ရှိမှာပေါ့ဟယ်"
ဆောင်းစက် မှာ ထိုစကားတွေကို ကြားတော့ ဒေါသမထွက်မိ၊ မိန်းကလေးများနှင့် ပြဿနာမတတ်ချင်လို့သာ ဖန်ကွဲစတွေ ကုန်းကောက်ဖို့သာ ပြင်လိုက်သည်။
"ပြန်ထ"
ထိုင်ရန်ကုန်းလိုက်ပါသော ဆောင်းစက်ကို အနောက်မှလက်မောင်းကို ဆွဲယူလိုက်ပါသောအနောင်။ ဆောင်းစက်က မက်တပ်ရပ်လိုက်တော့ အနောင်က ဆောင်းစက် ဘေးမှာရပ်လိုက်တယ်။
အနောင်က ရှေ့ကမိန်းခလေးတစ်ယောက်ကို မြင်တော့ အတော်တော့ စိတ်ပျက်သွားမိသည် ။ သူ့ကျောင်းက လူကိုး ။ မနက်က ဘိုးတော်ပြုံး သူ့ကို ကျောင်းလိုက်ပို့တာ သူတို့ တွေ့လိုက်တယ် မဟုတ်လား။ ဒါပေမယ့် အဲ့တာနဲ့ အစ်ကိုက gayဆိုတာ သိသွားရောလား။ ပြဿနာရှာစရာရော လိုလို့လား။
"ပြဿနာကဘာလဲ"
မိန်းခလေးမှာ အနောင့်ကိုတွေ့တော့ အံ့အားသင့်ရသည်။ သူက ဒီဆိုင်မှာ အချိန်မရွေးရှိနေတာလား
"ပြဿနာတဲ့လား နိုး ငါက ပြေလည်အောင် ၀င်ပြောပေးနေတာပါအနောင်ရယ် ဘယ်နဲ့ နင်က သူ့ဘက်က ဘာလို့ ၀င်ပါနေတာလည်း နင်နဲ့ ဘာပက်သက်လို့လဲ "
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomansOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...