Cakeကို freezerထဲထည့် အအေးခံပြီးတဲ့အခါ ဆောင်းစက်နဲ့အနောင်တို့ရဲ့ ကိုယ်စီအတွေးတွေ တစ်ခန်းရပ်သွားခဲ့တယ်။အနောင်က freezerထဲက cakeကို ထုတ်ပြီး cakeနဲ့ ဇွန်းတစ်ချောင်း ကို ဆောင်းစက်ဆီ ကမ်းပေးတယ်။
"မြည်းပေး..."
ဆောင်စက်က ပြုံးရင်း ခေါင်းကို ခပ်ပါးပါး ခါလှုပ်ပြရင်း
"ကလေးကိုယ်တိုင်အရင် မြည်း..."
"ဘာလဲ ကျွန်တော့လက်ရာကို မြည်းပေးဖို့ အဲ့လောက်တောင်ယုံကြည်ချက်မရှိဘူးလား "
အနေတည်တဲ့မျက်နှာပိုင်ရှင် ငှက်လေးက အနည်းငယ်စူပုတ်ပုတ်ဖြစ်သွားတဲ့ မျက်နှာပေးနဲ့ ဒီလိုမေးလာတော့ ဆောင်းစက်မှာ သဘောမကျဘဲ မနေနိုင်တော့။
"မဟုတ်ပါဘူး ကလေးရယ် အကိုသင်ပေးတဲ့လူရဲ့လက်ရာကို အကိုက ယုံကြည်ချက်မရှိပဲနေမလား။နောက်တစ်ခုက ဒီcakeကို လုပ်တာ ကလေးမို့လို့ကို အကိုက ပိုယုံကြည်သေး "
ယုံတယ်ဆိုပြီး ခုထိမမြည်းသေးဘဲ ရယ်ကျဲကျဲနဲ့ လုပ်နေတဲ့ ဘိုးတော်ပြုံးကို အနောင် အချဥ်ပေါက်လာတာမို့ ၊ ဘားမှမပြောသေးဘူး ကြည့်နေတယ်ဆိုတဲ့ အထာနဲ့ မျက်ခုံးနှစ်ဖက်ကို အလယ်သို့ အနည်းငယ်ကြုံ့ကြည့်နေလိုက်တယ်။
ငှက်လေး စိတ်ဆိုးနေပြီဆိုတာကို သဘောပေါက်သွားတဲ့ ဆောင်းစက် ကတော့ မျက်နှာက အပြုံးကို အနည်းငယ်လျှော့လိုက်ပြီး အသံကို ပို၍လေးလေးနက်နက်ဖြစ်အောင် အားထည့်ကာ ရှင်းပြရှာတယ်။
"အကို တကယ်ပြောတာ ကလေးရဲ့ ၊ ကလေး အခုပထမဆုံးလုပ်တဲ့ မုန့်ကို ကလေးကပဲ အရင်ဆုံးနဲ့ ပထမဆုံးမြည်းသင့်တယ်
ဒီကိတ်မုန့်မှမဟုတ်ပါဘူး ၊ ကလေး လုပ်တဲ့ အရာရာတိုင်း ကို အရင်ဆုံး ကလေးကိုယ်တိုင် အတည်ပြုသင့်တယ်
ကိုယ်တိုင်မှ အတည်မပြုထားပါဘဲ သူများကို အရင် အတည်ပြုခိုင်းရင် သူများပေးတဲ့ feedbackက ကိုယ့်အပေါ် အကျိုးသက်ရောက်မှု့အပြည့် မရှိနိုင်ဘူး ကလေးရဲ့

YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...