"Hello...အကိုမင်းလွင် အစ်ကို ဆောင်းစက်ရော"
"ဘာအစ်ကိုဆောင်းစက်လဲ မင်းငါ့သူငယ်ချင်းကို ပလစ်ခဲ့ပြီး အခုမှ"
"ဟာ အကို မင်းလွင် အတည်မေးတာဖြေပေးပါဦးနော် အစ်ကိုဆောင်းစက်ရော "
"အေး အေး"
မင်းလွင် ဖုန်းကို speaker ဖွင့်လိုက်ပြီး အခန်းထဲ၀င်သွားလိုက်တယ်။
"ဆောင်းစက်ရေ...ဆောင်းစက် "
" အင်း ပြောလေ "
"ဘားမှ မဟုတ်ဘူးဟေ့ မင်း အသည်းကွဲလို့ ငိုနေတာလားလို့ ခေါ်ကြည့်တာ စောစောအိပ်တော့ "
မင်းလွင် ဆောင်းစက်ကို အိပ်ဖို့ပြောပြီး speaker ကိုပြန်ပိတ်လို့ အခန်းအပြင်ပြန်ထွက်လာ လိုက်တယ်။
" ကဲ ကြားလိုက်ရလား ကိုယ်တော်လေး "
"ဟုတ်အကိုမင်းလွင် အစ်ကိုဆောင်းစက်အဆင်ပြေတယ် မလား"
"အင်း ပြေတော့ ဘယ်ပြေမလဲ ဒါပေမယ့်ထုတ်တော့ မပြဘူးပေါ့
မင်း အကို့ကို အကြောင်းကြားထဲက အကိုသူ့ဆီလိုက်သွားတာပဲ ၊ သူမင်းစာကိုတွေ့ပြီး မင်းဆီလိုက်လာမလို့ထင်တယ်
ဒါပေမယ့် အကိုက က သူ့ကို မင်းနားဖို့ လိုတယ်ဆိုပြီး အကို့အိမ်ကို ဆွဲ ခေါ် လာလိုက်တာ
ဆိုင်လည်းမသွားခိုင်းတော့ ထားဘူး"
"ဟုတ်တော်သေးတာပေါ့ အကို့ကို အားကိုးစရာရှိလို့ "
"နေပါဦး မင်းပဲ မင်းဘဲကို ငါ့ဆီအပ်ထားပြီး အခုမှ ဘာလို့ အသည်းအသန်မေးနေတာလဲ"
" ဟို ကိုလင်းထက် က အစ်ကိုဆောင်းစက်မှာ အန္တရာယ်ရှိနိုင်တဲ့ ပုံနဲ့ ကျွန်တော့ကို လာတွေ့သွားလို့
သူက အစ်ကို့ကို ပျောက်နေတယ်ထင်နေတာ
အခု David ဆိုတဲ့ နာမည်နဲ့ လူတစ် ဖုန်း ယောက်ခေါ်လို့ ပြန်ထွက်သွားတယ် "" David ? "
"အစ်ကိုမင်းလွင် ဒါပဲနော် "
"အေးအေး"
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...