အချိန်ကည ၉နာရီ ။ဆိုင်ထဲမှ ထိုင်လက်စလူတွေကလဲ တဖြည်းဖြည်းနဲ့ နည်းသွားသည်။ ဆောင်းစက် မှန်တံခါးနောက်က ကတ်လေးကို close signဘက်သို့ လှည့်လိုက်သည်။ ဆိုင်အပြင်ခဏထွက်ပြီး ကောင်းကင်ကိုကြည့်တော့ ဒီနေ့ညအဖို့ ကောင်းကင်ကြီးက အုံ့မှိုင်းနေပါသည်။
မိုးက အချိန်မဟုတ် ရွာ ရွာနိုင်လွန်းသည်။ ဒီလိုရွာတာလည်းအကောင်းပါလေ။ မိုးဆိုတာ ငှက်လေးနဲ့ဆုံစည်းချင်းတွေပေါ့။ ငှက်လေးကရော မိုးရွာတာကို ကြိုက်နိုင်ပါ့မလား။
အတွေးဘယ်လိုရှိရှိ မျက်နှာကိုတော့ အချိုသာဆုံးပြုံးလိုက်မိသည် အတိတ်ဟာ အတိတ်ပါပဲ။ အခုတော့ဆောင်းစက်ဆိုတဲ့ကိုယ်ဟာ ပျော် လာနိုင်ပါပြီ။ ကိုယ်ဆိုတာ အဲ့ဒီအချိန်တုန်းက အကြီးမားဆုံး ဆုံးရှုံးမှုကြီးကို တောင် မလှုပ်မရွံ့ဖက်တွယ်ထားပြီး မျှော်လင့်ချက်သဲ့သဲ့လေးကို တစ်ချိန်လုံးရှာဖွေလာခဲ့တဲ့သူ မဟုတ်လား။
ညီထက် ကောင်တာကထွက်၊ အေပရွန်ချွတ်ပြီး ဆောင်းစက်ကိုလှမ်းကြည့်မိသည်။ ခါတိုင်းလိုမဟုတ်ပါလား...။
"What's wrong"
အသံလာရာကိုကြည့်တော့ မင်းလွင်က ညီထက်ကို မေးပြီး သူပါ ညီထက် အကြည့်ရှိရာဆီသို့ ဦးတည်မိသည်။ညီထက်ကပြုံးပြပြီး
"အမြဲတမ်း ပြုံးပြုံးပျော်ပျော်နေတဲ့ အကိုဆောင်းစက် မိုးမဲမဲကို မော့ကြည့်တဲ့အချိန်ဆိုရင်တော့ သူ့မျက်နှာမှာလွမ်းရိပ်သန်းနေတတ်တယ်လေ။ ဒီနေ့ မထူးဆန်းဘူးလား ။အကို့မျက်နှာက ပြုံးလို့ပျော်လို့လေ။ "
ဟုတ်ပါသည် မိုးမဲမဲကို မော့ကြည့်နေတဲ့ ဆောင်းစက်မျက်နှာက ကြည်ရွှင်လို့ ။ ဆိုင်ရှေ့မှာထွန်းထားတဲ့ မာကျူရီမီးရောင် ဝါကျင်ကျင်က မိုးပေါ်မော့ကြည့်နေသော ဆောင်းစက်မျက်နှာကို ဆလိုက်ထိုးထားသလို နှယ် ။၀င်းဖန့်ဖန့် မျက်နှာလေးမှာ ကွပ်ထားတဲ့အပြုံးတို့က ဖြူစင်တယ်။ သိပ်ကိုဖြူစင်တယ် ။
"သူငယ်ချင်းမင်းကဒီလိုလေးအမြဲပြုံးရွှင်နေသင့်တဲ့လူပါ"
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...