"ဘာလဲ ငါ့ မောင်က အဲ့ကောင်လေးနဲ့ပြန်တွေ့တာကို ပျော်နေတယ်ပေါ့ မရဘူး အဲ့ လိုမဖြစ်ရဘူး အားးးးး သူငါ့မောင်အနားမှာ ရှိမနေရဘူးလေ...အဲ့ကလေးက အားးး"ဆောင်းစက် စားပွဲပေါ်က ဒိုင်ယာရီစာအုပ်ကို အဖြူရောင်နံရံသို့ ဆောင့်ပေါက် လိုက်သည်။
" အဖြူရောင်ကို ကြိုက်နေတုန်းလား
ဆောင်းစက်မာန် အစ်မခဏခဏပြောပါတယ် အဖြူရောင်ကိုလည်းမကြိုက်နဲ့ နင်လည်းမဖြူစင်ပါနဲ့လို့ အဖြူရောင်က အရောင်ဆိုးလွယ်တယ်..."မွေ့ယာဖြူဖြူပေါ် ပိုးဆောင်ဖြူဖြူ ၊ခေါင်းအုံးဖြူဖြူတို့ကို ချေမွ လွှင့်ပစ်သည် ၊ ၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်နဲ့ ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်တို့ တွဲရိုက်ထားတဲ့ ဓါတ်ပုံကိုသေသေချာချာကြည့် သည်။
သူပြုံးသည်။ ခံစားချက်တွေကို မျက်လုံးမှာ ဆက်လက် ဖော်ပြသည်။ သူနာကျင်သည်။ ၀မ်းနည်းသည်။ သူရန်လိုသည်။ ဒါပေမယ့် ဓါတ်ပုံထဲကဆောင်စက်လေးကိုတော့ သူသိပ်ချစ်သည်။ သူငိုသည် ချက်ခြင်းငိုချသည်။
"မောင်လေး...အဲ့ဒီကောင်လေးနဲ့ သံယောဇဥ် မတွယ်ရဘူးနော်...မောင်လေးမှာလုပ်စရာရှိသေးတယ်လေ"
ငိုရင်းနဲ့ အခန်းထဲကထွက်လာသည်။ လူဆိုတာအ၀ကြီး ၀အောင်ငိုပြီးရင် ပင်ပန်းလာတယ် မဟုတ်လား။ သူအိပ်ချင်ပြီလေ...။
*****************
"မင်းလွင် မင်း တောင်တက်ရင်း အိမ်ထောင်သားမွေးလုပ်နေတာလား"
"အာ... ကိုယ့်အသဲက ကိုယ့်ကို စိတ်ပူနေတယ်ပေါ့ "
"ဖြစ်ရဦးမယ်..."
"ဟ...ဟ အသဲက စိတ်မပူဘူးဆိုတော့လည်း ကိုယ်ပြန်မလာသေးဘူး..."
"ပြောင်မနေစမ်းနဲ့ ငပေါကောင် တောင်ပေါ် ကဆင်းလာကြပြီလား၊ မြို့ပေါ်ရောက်ပြီလားသိချင်တာ အခုအချိန်မျိုးကက အဲ့ဒီဘက်မှာဆို နှင်းပိတ်နေမှာမဟုတ်လား၊ တောင်တက်တောင်ဆင်းအဆင်ပြေရဲ့လားလို့ သိချင်လို့ "
![](https://img.wattpad.com/cover/241388850-288-k98525.jpg)
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...