"ပစ္စည်းတွေစုံပြီဟုတ် ကားစထွက်ပြီနော်"သူများတွေအဖို့ ပစ္စည်းတွေစုံဖို့ ဘယ်လို ပြင်ဆင်လိုက်ရလဲမသိပေမယ့် ။ အနောင့်မှာတော့ ဆောင်းစက် ပေးတဲ့ ပစ္စည်းတွေကို အိတ်ထဲစုထည့်ရုံနဲ့ အရာအားလုံး အဆင်ပြေသွားပြီ။ တောင်တက် ဖိနပ်ကအစ roll onက အဆုံးပေါ့။
အကုန်လုံး ကားပေါ်တက်ပြီးတော့ ပထမဦးဆုံး Driverတာ၀န်က မင်းလွင်ပေါ့ ၊ညီထက်ကတော့ လမ်းကြည့်တာ၀န်နဲ့ ၊ ဆောင်းစက်၊ အနောင်နဲ့ ကိုးရယ်ကတော့ အနောက်ခန်းမှာ ထိုင်လို့ ၊ ကားလေးက စတင် ထွက်ခွာလေပြီ။
"Yooo!Road to Mu La Ei"
ခရီးလေးရဲ့ Target က camping လုပ်ဖို့ ပေါ့ ။ အစီအစဥ်က တော့ တောင်တတ်သမား ကိုမင်းလွင်ရဲ့အကြံလေ။ Campaing လုပ်မယ့်တောင်က မုလအိတောင်ပေါ့ ။
မုလအိတောင်ဆိုတာ ကရင်ပြည်နယ်ရဲ့ အလှဆုံးတောင် ။ ဒေါန တောင်းတန်းကြီးပေါ်က တောင်တစ်တောင်ပေါ့။ အဲ့ဒီနေရာကို တောင်ပင်လယ်လို့တောင် တင်စားကြသေးရဲ့ ။
မုလအိတောင် ကို မြန်မာဘက်က campingလုပ်ကြတဲ့လူနည်းတယ်။ သွားဖို့ရာလည်း လမ်းခရီးက ခက်ခဲတယ် မဟုတ်လား။ အခုတော့ မင်းလွင်ဦးဆောင်တဲ့ ခရီးသွားအဖွဲ့လေးက မြ၀တီမြို့သို့အရင် ခရီးနှင်လေပြီ။ မြ၀တီမှာ အပြည့်အ၀ အနားယူပြီး ၊နောက်နေ့မှာတော့ လေးဘီးကားတွေနဲ့ မုလအိတောင်ပေါ်တက်ပြီး ကြယ်ပင်လယ်ကြည့်ကာ NewYearsမှာ အပြတ်Chillကြမယ်ပေါ့။
***
"ခွေးပေါက်...မင်းမှာ ဘာPhobia ရှိသေးလဲ ...ရှိရင်လဲ hotelမှာသာနေခဲ့တော့" မင်းလွင်ပြောလိုက်တော့ မျက်နှာလေးပျက်သွားတဲ့ ကိုးရယ် ကိုးအတွက်၀င်ပြောပေးတဲ့ဆောင်းစက်ရယ်...
YOU ARE READING
ဆောင်းစက်ရိပ်ခို (completed)(U+Z)
RomanceOWN CREATING BY OWN IDEAS INCLUDES OWN CHARACTERS...