.
စိတ်ဒဏ်ရာတစ်ခု ……။
ဖြန်းကနဲ စင်လာတဲ့ သွေးစက်တွေက အဖြူ ရောင်ကြမ်းပြင်ကို ပေစွန်းသွားစေတယ် ။ ထိုးထွက်နေတဲ့ သံချောင်းကြီးတစ်ချောင်းဟာ ပြုတ်ကျလာတဲ့ လူတစ်ယောက်ရဲ့ ရင်ကို ထုတ်ချင်းပေါက် ဖောက်ထွက်သွားတယ် ။
"ကိုကြီးရေ!!!!!! "
ကျယ်လောင်စူးရှတဲ့ အော်သံတစ်ခုက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတယ် ။
ဆေးရုံကားသံတွေ… လူတွေရဲ့ အော်ဟစ်ပြောဆိုသံတွေ… ။
နောက်တော့……………
________
ကာလတစ်ခုကို ဖြတ်ကျော်ပြီးနောက်………။
သည်းသည်းမည်းမည်းရွာသွန်းနေတဲ့ မိုးစက်တွေရဲ့အသံ…
ပင်လယ်ပြင်ဆီက ကျယ်လောင်တဲ့ လှိုင်းပုတ်သံ…
သစ်ကိုင်းချင်း တကျီကျီ ရိုက်ခတ်သံ… သစ်ရွက်တွေရဲ့ တရှဲရှဲ မြည်သံ…
ပြင်ပလောကရဲ့ ငိုညည်းသံတွေ ဆူညံနေတဲ့ မှောင်မိုက်သော မိုးသည်းည…… ။လျပ်စီးတပြက အမှောင်ထုကို ခဏတာဖြိုခွင်းလိုက်တယ်။ ရဲတိုက်တစ်ခုနီးပါး ကြီးမားတဲ့ အိမ်ကြီးတစ်ဆောင်ဟာ မိုးသည်းသည်းကြားမှာ မားမားမတ်မတ်ရပ်တည်နေတယ် ။ အိမ်ကြီးရဲ့အနောက်ဖက် ခပ်လှမ်းလှမ်းတစ်နေရာမှာ သစ်ပင်ကြီးတွေ ဖုံးအုပ်ထားတဲ့ မတ်စောက်သော တောင်ကုန်းတစ်ခု ရှိနေတယ် ။
တောင်ကုန်းရဲ့ထိပ် သစ်တောကြားက အိမ်ငယ်လေးတစ်လုံး ဟာ ငိုညည်းသံတွေနဲ့ ပြည့်လို့နေတယ် ။ဝမ်းခေါင်းသံကြီးနဲ့ ညည်းညူ နေတဲ့ လူတယောက်ရဲ့ အသံ… ရှိုက်သံတွေကြားက ပွင့်ဟလာတဲ့ တီးတိုးသံတွေ… ။
"အာ့… မုန်း……… မုန်းချင်လိုက်တာ… ဟာ့… "
နှုတ်ခမ်းပါးလေးကို ဖွင့်ဟလိုက်မိတိုင်း ထွက်ပေါ်လာတဲ့ ပလုံးပထွေးစကားသံ… ။ မှေးမှိတ်ထားတဲ့ မျက်ဝန်းလေးတွေရဲ့ ထောင့်စွန်းကနေ စီးကျလာတဲ့ မျက်ရည်စတွေ… ။
တုတ်ခိုင်သန်မာတဲ့ လက်တစုံက သွယ်လျတဲ့ လက်တစုံကို တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားတယ် ။
ယှက်သွယ်မိတဲ့ လည်တိုင်နှစ်သွယ်… တယောက်ကို တယောက် ယောင်လို့တောင် မငြင်းဆန်ခဲ့မိကြ ။ နာကျင်မှုတွေကြားက မလွန်ဆန်နိုင်တဲ့သာယာခြင်းတွေ… ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel