၂၄

7.1K 396 13
                                    

"ပြည့်စုံ
အဆင်ပြေရဲ့လား
အိမ်မှာ ထပ်အဆူခံရသေးတာလား"

"အဆူခံရရုံတင်မဟုတ်ဘူး ရိုက်ပါရိုက်ခံရတာ သုခရေ"

သုခက နှစ်ရက်လောက်အိမ်မှာနားနေရင်း ဒီနေ့တော့ ကျူရှင်သို့ရောက်လာလေသည်။
ရောက်ရောက်ချင်း ပြည့်စုံကို အကျိုးအကြောင်းလာမေးမိသည်။
သူငယ်ချင်းလို့သာဆိုတယ် ဖုန်းနံပါတ်တောင်မယူထားမိပေ။

မျက်နှာငယ်လေးနှင့် လာမေးသော သုခကို ပြည့်စုံစချင်လာတာကြောင့် အရိုက်ခံရသည်ဟု ညာပြောလိုက်လေသည်။

"ဟုတ်လား အရမ်းအရိုက်ခံရတာလား"

"အချက် ၅၀ လောက် ကြိမ်လုံးနဲ့အရိုက်ခံလိုက်ရတာ
အီး ပြန်တွေးရင်းနဲ့ နာလာပြီ
တစ်ကယ်ကွာ နောက်နေ့ဆို ထတောင်မထနိုင်တော့ဘူး
မင်းလဲတွေ့မှာပေါ့ ခန့်ရဲ့ ခန္ဓာကိုယ်ကြီးကို
အားကြီးနဲ့ မညှာမတာရိုက်တာ"

"အဲ့...အဲ့လောက်တောင်လား
ငါတောင်းပန်ပါတယ် ငါ့ကြောင့်နဲ့
ငါ ဘာပြန်လုပ်ပေးရမလဲ
မုန့်ပြန်ဝယ်ကျွေးရမလားဟင်"

"မင်းကလဲကွာ ကလေးလဲမဟုတ်ဘဲ ဘာကိုမုန့်ဝယ်ကျွေးတာတုန်း ဟဟ
ခုသက်သာနေပြီ
ဘာမှမဖြစ်ဘူး"

ဆရာဝင်လာတာကြောင့် စကားဆက်မပြောဖြစ်တော့။

ကျူရှင်ဆင်းချိန်တွင် ကျောင်းသားကျောင်းသူ အသီးသီးက အိမ်ကလာကြိုမည့်သူကို စောင့်နေကြလေသည်။
ပြည့်စုံကို လာကြိုတာနောက်ကျနေသောကြောင့် သုခက အိမ်မပြန်သေးပဲ ကူစောင့်ပေးနေသည်။

"ကျေးဇူးပဲ သုခရေ
လာပြီကွ
ငါသွားတော့မယ်
Bye bye"

"ကိုခန့် လာကြိုတာလား"

"အေး"

"ခဏ.. ခဏ..
ဟို...ကိုခန့် ဟိုနေ့က ပြသာနာရှာမိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်ဗျ
ကျွန်တော်ကြောင့် ကျွန်တော့်အမှားကြောင့်ပါ
ပြည့်စုံက ဒီတိုင်းကူညီပေးရုံပါ
ကိုခန့် ပြည့်စုံကို စိတ်ပူတာ ကျွန်တော်နားလည်ပါတယ်
ဒါပေမယ့် ကြိမ်လုံးနဲ့အချက် ၅၀ တောင်ရိုက်တာတော့ ကိုခန့်လွန်တာပေါ့ဗျာ"

BelongingWhere stories live. Discover now