သား

8.9K 501 0
                                    

"သားတို့တောင်းပန်ပါတယ် ကိုကြီး"

အနည်းငယ်ကြောက်လန့်နေသယောင်ရှိသော အသံလေးကကောင်ဆိုးလေးဆီကထွက်လာသည်။
ယောကျ်ားပီသသောအသံဖြစ်ပေမယ့်လဲ သားလို့သုံးနှူန်းလိုက်ခြင်းက လွှမ်းအတွက် ချစ်ဖို့ကောင်းနေစေသည်။
ချစ်စရာကောင်းတာမှန်ပေမယ့်လဲ ဒီအသုံးအနှူန်းနဲ့ပတ်သတ်ပီး ပြင်ပေးစရာလေးတွေတော့ရှိနေသည်။
ခုတော့မဟုတ်။
နောင်တစ်ချိန် ကိုယ့်ပိုင်ဆိုင်မှူလေးဖြစ်လာခဲ့မယ်ဆိုရင်ပေါ့။

"ဟို... စိတ်ဆိုးသွားတာလားဟင်
သားတကယ်တောင်းပန်ပါတယ်ဗျ
တမင်ရည်ရွယ်ပီးလုပ်တာမဟုတ်ရပါဖူး
သီဟ တောင်းပန်လိုက်လေ
မင်းလေးကန်လိုက်လို့ ကိုကြီးကို ထိသွားတာလေ"

ကိုယ့်အတွေးတွေထဲပိတ်မိနေသည်ကို ကောင်ဆိုးလေးကဘယ်လိုထင်သွားလဲမသိ ထပ်မံတောင်းပန်လာကာ သူ့ဘေးကကောင်လေးကိုလဲ တောင်းပန်ခိုင်းနေလေရဲ့။

"အဟမ်း...
ကိုယ်ဘာမှမဖြစ်ဖူး ကောင်ဆိုး...အဟမ်း.. အဟမ်းး ကောင်လေး
အကျီပေသွားတာလဲ ကိုယ်စိတ်ထဲမထားဘူး
ကိုယ့်ကို တစ်ရှူးလေးပဲဖြစ်ဖြစ်ပေး
နဲနဲသုတ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်"

ကောင်ဆိုးလေး လို့ခေါ်မိခါနီးမှ အမြန်အရှိန်သတ်ကာ ကောင်လေးဟုပြောင်းခေါ်လိုက်ရလေသည်။
ကောင်ဆိုးလေးကတော့ သတိထားမိပုံမပေါ်ပေ။

"ဒါလေးသုံးလိုက်ပါ ကိုကြီး"

ကိုယ့်ရှေ့ လက်နှစ်ဖက်နဲ့ ရိုရိုသေသေလာပေးသော လက်ကိုင်ပဝါ အဖြူလေး။
ယဥ်ကျေးသားပဲ။

"အဖြူရောင်ကြီး
ကိုယ်သုတ်လိုက်ရင် ပေကုန်မှာပေါ့"

"ရပါတယ်ဗျ"

သူ့လက်ထဲမှ လက်ကိုင်ပဝါလေးကိုယူပီး အနည်းငယ်သာသုတ်လိုက်သည်။
ကောင်ဆိုးလေးရဲ့ အဖြူရောင်လေး ညစ်ညမ်းသွားမှာကိုမလိုလား။

"ကိုယ်နောက်တစ်ခါ ပြန်လာရင် သေချာလျှော်လာခဲ့ပေးမယ် ဟုတ်ပီလား ကောင်လေး"

"ဗျာ ဟုတ်
ဟို... သားနာမည် ပြည့်စုံမိုးပါဗျ"

ကောင်လေးလို့ခေါ်တာ မကြိုက်ဖူးထင်ပါ့။
သူ့နာမည်ကိုပြောပြလေသည်။

BelongingWhere stories live. Discover now