နေမင်းသစ် မိဘမဲ့ဂေဟာ....
အရင်က ပရဟိတ ခဏခဏ လာလုပ်ပေမယ့် မရောက်ဖြစ်တာ ၁ နှစ်နီးပါးလောက်ပင်ရှိလေပြီ။
ပရဟိတလုပ်တုန်းက ကလေးငယ်တွေနှင့်သာ အနေများလို့ ကောင်လေးရှိတာကို သတိမထားမိပေ။
အထက်တန်းကျောင်းသားဆိုတော့ စာလုပ်နေတာနဲ့ အပြင်ထွက်ဖို့အချိန်မရှိဖူးထင်ပါ့။။
ဒါကြောင့်ကိုယ်နဲ့မတွေ့တာဖြစ်လိမ့်မည်။
ဒီနေ့တော့ ကောင်လေးနဲ့ တွေ့ဖြစ်အောင်ကိုတွေ့ရမည်။ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေကို ကိုယ့်ရဲ့ သူနာပြုမလေးတွေကို နေရာတကျ ထားခိုင်းလိုက်၏။
ဒီကိုမလာခင် သူနာပြုလေးတွေကို briefing ပေးပြီးသားဖြစ်၍ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေပွန်စွာထမ်းဆောင်နေကြလေသည်။
ဦးကြီးက ကျွန်တော့်ကိုမြင်တော့ လာနှူတ်ဆက်လေသည်။"မောင်ထည်ဝါရေ မတွေ့တာတောင်ကြာပီကွာ ကလေးတွေက လွှမ်းနေကြတာ"
ကျွန်တော် ပရဟိတလုပ်တုန်းက ကျွန်တော့်ကို တော်တော်လေး ခင်တွယ်ခဲ့တဲ့ ကလေးမလေးက ပြေးလာပြီး ကိုကို့ကို လွှမ်းနေတာဟုဆိုကာ ကိုယ်ပေါ်ခွတက်လေသည်။
အလိုက်တသိ ချီမလိုက်ရင်း ကလေးမလေးနဲ့ အဖော်လုပ်ပေးနေလေသည်။"အောင်မယ် မင်းက ကလေးတွေဘာတွေ ချီလို့ပါလား"
ရယ်၍မေးလာသော လွှမ်း
"ကိုကို ဒီဦးလေးကြီးကဘယ်သူလဲ"
လွှမ်းကို လက်ညိုးထိုးကာမေးတော့ မျက်နှာတစ်ခုလုံးမဲမှောင်သွားသော လွှမ်း
"ကလေးမ
ဘယ်နားကြည့်ပီး ဦးလေးကြီးခေါ်တာတုန်း
သူ့ထက်အများကြီးပိုနုတယ်ဗျ
ထည်ဝါ့ကျ ကိုကို ခေါ်ပြီး ကျွန်တော်မျိုးကိုကျတော့ ဦးလေးကြီးခေါ်စရာလား"ရယ်မောရင်း ကလေးမလေး ပါးကိုညှစ်လိုက်တော့
"ဟီး ကိုကို"
"ဟိုက မမတွေဆီသွားနော်
ကိုကိုတို့ အလုပ်လုပ်ရဦးမယ်ဗျ"ကျွန်တော်ပြောတော့ ချက်ချင်းကိုယ်ပေါ်ကဆင်းပြေးသွားလေသည်။
"ကလေးတွေနဲ့ကျတော့လဲ နူးညံ့နေလိုက်တာ စည်းကမ်းတင်းကျပ်တဲ့ ဥက္ကဌကြီးက"
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...